စက်တင်ဘာ - ၂၄ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ဆေးခြောက်ကို သုံးစွဲမှုက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသလို အနောက်နိုင်ငံတွေကို အားကျနေတဲ့ အာဖရိက နဲ့ အာရှနိုင်ငံတွေက လူအဖွဲ့အစည်းအချို့ကလည်း ဆေးခြောက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။
ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဆေးခြောက်ကို ဝေးဝေးတွင် ရှောင်သင့်ပြီး ဆရာဝန်များကလည်း ကိုယ်ဝန်မဆောင်မီ၊ ကိုယ်ဝန်ဆောင်ကာလအတွင်း နဲ့ ကလေးမွေးပြီး အချိန်တွေ မှာ ဆေးခြောက်သုံးစွဲခြင်း နဲ့ပတ်သက်ပြီး သေသေချာချာ လေ့လာမှတ်တမ်းယူသင့်ကြောင်းနှင့် အပြီးအသုံးပြုမှုအကြောင်း လူနာအားလုံးကို မေးမြန်းသင့်ကြောင်း အမေရိကန်သားဖွားမီးယပ် အသင်းက လမ်းညွှန်ချက်အသစ်ထုတ်ပြန်လိုက်ပါတယ်။
ဆေးခြောက်မှာပါတဲ့ စိတ်ကိုတက်ကြွစေတဲ့ ဒြပ်ပေါင်း THC က အချင်းတိုင်ကိုဖြတ်ပြီး သန္ဓေသားဆီကို ရောက်ရှိနိုင်တဲ့အပြင် သွေးကြောထဲကနေ နို့ရည်ပြု ဂလင်းတွေဆီကိုလည်း ရောက်ရှိနိုင်ကြောင်း သုတေသီတွေက စမ်းသက်ချက်တွေ လုပ်ပြီး သိခဲ့ရပါတယ်။
လမ်းညွှန်ချက်တွင် ကိုယ်ဝန်ဆောင်ချိန်၌ ဆေးခြောက်သုံးစွဲမှုက မွေးကင်းစကလေးတွေ ကိုယ်အလေးချိန် နည်းခြင်း၊ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်ကိုပို့ရခြင်း၊ မွေးကင်းစသေဆုံးခြင်း နဲ့ အာရုံစူးစိုက်မှုအားနည်းခြင်းနှင့် သင်ယူမှုပြဿနာများကဲ့သို့သော ရေရှည်ဖြစ်ပေါ်လာနိုင်သော အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးမှုများအပေါ် သက်ရောက်မှုများ ရှိနေကြောင်း တွေ့ရပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment