လူငယ်တွေက အွန်လိုင်းပေါ်မှာ အစွန်းရောက်ဝါဒနဲ့ သိမ်းသွင်းခံနေရတယ်လို့ FBI ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်တွေက အွန်လိုင်းပေါ်မှာ အစွန်းရောက်ဝါဒနဲ့ သိမ်းသွင်းခံနေရတယ်လို့ FBI ဆို


စက်တင်ဘာ - ၁၈ ( ကြာသပတေးနေ့ ) 

ဆယ်ကျော်သက်များနှင့် လူငယ်အများအပြားသည် အွန်လိုင်းဖိုရမ်တွေကနေ အစွန်းရောက်ဝါဒရဲ့ သားကောင်တွေ ဖြစ်လာကြပြီး အတွေးအခေါ်ပိုင်းဆိုင်ရာ ဖိအားပေး အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခံနေရတယ်လို့ FBI ညွှန်ကြားရေးမှူး ကတ်ရှ်ပါတယ် က အောက်လွှတ်တော် တရားစီရင်ရေးကော်မတီသို့ မနေ့က ပြောကြားခဲ့ပါတယ်။

ပါတယ် က အထက်လွှတ်တော် တရားစီရင်ရေး ကော်မတီရှေ့တွင် သက်သေထွက်ဆိုပြီးနောက် တစ်ရက် အကြာတွင် အောက်လွှတ်တော် ကော်မတီရှေ့မှောက်တွင် သက်သေထွက်ဆိုခဲ့ တာပဲ ဖြစ်ပါတယ်။ FBI က နိုင်ငံရေးအကြမ်းဖက်မှုကို အရင်းခံခြင်း နဲ့ ပတ်သက်ပြီး မည်သူမည်ဝါဖြစ်ကြောင်း မခွဲခြားဘဲ စုံစမ်းစစ်ဆေးနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ 

အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်အမတ် ဘက်ကာဘာလင့်က အမျိုးသားရေးဝါဒီ ဟောပြောစည်းရုံးရေးသမား ချာလီကရစ် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး အမြတ်ထုတ်နေတာကို FBI က သရုပ်ဖော်နေတာမဟုတ်ဘူး လားလို့ ပြန်လှန် အခြေအတင် ပြောခဲ့ပါတယ်။ အရင်တုန်းက မင်နီဆိုတား လွှတ်တော်အမတ် လင်မယား အသတ်ခံရတာက လက်ယာစွန်းရောက်ဝါဒီတွေကြောင့် မဟုတ်ဘူးလားလို့ ပြန်လှန်မေးခွန်းထုတ်ခဲ့ပါတယ်။ ထရမ့်က လက်ဝဲစွန်းရောက်ဝါဒီတွေကြောင့် ချာလီကရစ်အသတ်ခံခဲ့ရတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ ဘာလင့်က FBI အနေနဲ့ နိုင်ငံရေး အကြမ်းဖက်မှုတွေ လျော့ကျအောင် ဘာတွေလုပ်နေသလဲလို့ ပြန်မေးခဲ့ပါတယ်။ 

FBI ကတော့ လက်ဝဲ ၊ လက်ယာ အစွန်းရောက်တွေကို မခွဲခြားဘဲ စုံစမ်းစစ်ဆေးမှုတွေကို လုပ်နေတာပါလို့ ပြန်ဖြေရှင်းခဲ့ပါတယ်။ “ကျနော်ပြောပြမယ်။ ဒီလို အကြမ်းဖက်မှုတွေကို လုပ်ဖို့အတွက် ငွေလိုပါတယ်။ အဲ့ ဒိငွေတွေ ဘယ်ကလာသလဲဆိုတာကို ကျနော်တို့ ဖော်ထုတ်နေပါတယ်။ လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်မှုတွေက တစ်ကိုယ်တော် လုပ်နေကြတာမဟုတ်ပါဘူး။ သူတို့နောက်မှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့ နည်းတွေနဲ့ လက်မဲကြီးတွေ ရှိပါတယ်။ ငွေမရဘဲ လုပ်နေတဲ့သူတွေ မရှိပါဘူး။ ကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေ အရ ဒီမိုကရက်တွေ တိုက်ခိုက်ခံရမှုထက် ရီပတ်ဘလီကန်တွေ တိုက်ခိုက်ခံရမှုက ပိုများနေပါတယ်။ တိုက်ခိုက်မှုခံရ မှု တွေရဲ့ ၉၆% က လက်ယာယိမ်းသမားတွေပဲဖြစ်နေတယ်” လို့ ထွက်ဆိုသွားပါတယ်။ 

FBI သည် နိုင်ငံရေးအကြမ်းဖက်မှုကိစ္စရပ်အားလုံးကို ညီတူညီမျှ စုံစမ်းစစ်ဆေးနေကြောင်း ပါတယ် က ပြောကြားသွားပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)