အကြမ်းဖက် KNU/PDF အဖွဲ့များက သာသနာနိက အဆောက်အဦးများကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုနေ၊ စေတီတော်ကို ဌာပနာဖောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက် KNU/PDF အဖွဲ့များက သာသနာနိက အဆောက်အဦးများကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုနေ၊ စေတီတော်ကို ဌာပနာဖောက်ယူ



ကျုံဒိုး၊ စက်တင်ဘာ ၂၄

ကျုံဒိုးမြို့နယ်၊ ဗျက္ခသီရိ ၅ ထပ်ဆောင် စေတီကုန်းတွင် အကြမ်းဖက် KNU/PDF အကြမ်းဖက်အဖွဲ့များ အခြေပြုနေထိုင်လျက်ရှိကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းမှ သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက် KNU/PDF အဖွဲ့များက သာသနာနိက အဆောက်အဦးများကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုနေပြီး စေတီတော်ကို ဌာပနာဖောက်ယူထားသည်ကို တွေ့ရသည်။

စက် ၂၃ ရက်နေ့တွင် အကြမ်းဖက် KNU/PDF အဖွဲများ အခိုင်အမာခံစစ်ပြင်ဆင်ထားသည့် ကျုံဒိုးမြို့နယ်၊ ဗျက္ခသီရိ ၅ ထပ်ဆောင် စေတီကုန်းအား တပ်မတော်မှ အောင်မြင်စွာသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အကြမ်းဖက်သမားများ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

သိမ်းဆည်းရရှိ ဘုရားကုန်းအား စစ်ဆေးကြည့်ရာ အကြမ်းဖက် KNU/PDF များသည် သာသနိကအဆောက်အဦများ အတွင်း အခိုင်အမာခံစစ်ဆင်တပ်စွဲထားခြင်း၊ ၅ ထပ်ဆောင် စေတီ၏ ဌာပနာတိုက်အား ဖောက်ထွင်း၍ အဖိုးတန်ဌာပနာများအား ယူဆောင်သွားခြင်း၊ ဆုတ်ခွာချိန်တွင် မိမိတပ်များ ကပ်လိုက်မလာနိုင်စေရန် အဆောက်အဦများအား မိုင်းခွဲဖျက်ဆီးသွားကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)