Pages

Pages

NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ ခွက်ခေါက်သည့်အဖွဲ့တွင် ငွေကြေးအလွဲသုံးစားမှု ဖြစ်ပေါ်


NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ ခွက်ခေါက်၍ အလှူခံသည့်အဖွဲ့တွင် ငွေကြေးအလွဲသုံးစားမှု ပြဿနာ ပေါ်ပေါက်လျက်ရှိပြီး ဝရမ်းပြေး မိန်းမယုတ် ပန်ဆယ်လို က ငွေကြေးလိမ်လည်သူကို တာဝန်ယူရန် ပြောဆိုထားသည်ကို တွေ့ရသည်။

ခွက်ခေါက်ပြီး PDF အကြမ်းဖက်သမားများကို ထောက်ပံ့ရန်ဟု အကြောင်းပြကာ TheKey Project ခေါင်းစဉ်ဖြင့် ရရှိထားသည့် ငွေများကို အမျိုးသမီးတစ်ဦးက လိမ်လည်သွားခဲ့ခြင်းဖြစ်သည်။

ပြည်ပြေး ဝရမ်းပြေးများ၏ ရေးသားဖော်ပြချက်အရ "အဲ့ဒါကတော့ ငွေစာရင်းပိုင်းဆိုင်ရာလွဲမှားမှုနဲ့ ငွေကြေးအလွဲသုံး လိမ်လည်မှုပါပဲ။ ၃၁.၅.၂၀၂၄ ကနေ ၇.၈.၂၀၂၄ အထိ ဆောင်ရွက်ခဲ့တဲ့ TheKey Project ကို Project Owner အဖြစ် ကျွန်တော် Ride Behind Kalaw (RBK)၊ roject Ambassador အဖြစ် ပန်ဆယ်လို၊ Project Director/ Manager အဖြစ် မထက်ဟေမာန်အောင် (ခ) မဂူးဂူး  WE LOVE MYANMAR FAMILY (WLMF) (မမများနဲ့ပွဲကမယ်)  တို့က တာဝန်ယူဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ငွေကြေးကိစ္စရပ်များနဲ့ စီမံကိစ္စအဝဝတွေကို တာဝန်ယူဆောင်ရွက်ရတဲ့ WLMF ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို Project Owner ဖြစ်သူ ကျွန်တော် နဲ့ Project Ambassador ဖြစ်သူ မပန်ဆယ်တို့က နောက်ကွယ်ကနေ စောင့်ကြည့်/စစ်ဆေး/သုံးသပ်နေတာတွေ တောက်လျှောက်ရှိခဲ့ပါတယ်။ ဒီလိုစောင့်ကြည့်ရာကနေမှ WLMF ရဲ့တာဝန်ခံဖြစ်သူ မထက်ဟေမာန်အောင် (ခ) မဂူးဂူး ရဲ့ ကျန်ရှိငွေကြေးဆိုင်ရာ အကြောင်းပြန်ကြားမှုတွေဟာ ကျွန်တော်တို့စောင့်ကြည့်စစ်ဆေးနေတဲ့ ကျန်ရှိငွေကြေးအချက်အလက်တွေနဲ့ အများကြီးကွဲလွဲမှုရှိနေတာကို တွေ့ရှိရတာကြောင့် WLMF အနေနဲ့ ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ပေးဖို့ကို ကျွန်တော်နဲ့ မပန် က (၂၀၂၅)ခုနှစ် ဖေဖေါ်ဝါရီလ ကတည်းကစပြီး ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပါတယ်။ ကွာဟနေတဲ့ ငွေကြေးပမာဏက မြန်မာငွေနဲ့ဆိုရင် သိန်းထောင်ဂဏန်းဖြစ်ပါတယ်။ ကျွန်တော်နဲ့ မပန်တို့ စိတ်ရှည်ရှည်ထားပြီး ငွေစာရင်းရှင်းတမ်းကို (၃) လကျော်ကြာ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ WLMF ရဲ့တာဝန်ခံဖြစ်သူဟာ အကြောင်းအမျိုးမျိုးပြပြီး ငွေစာရင်းရှင်းတမ်းထုတ်ပြန်ပေးဖို့ ရှောင်လွှဲခဲ့ပါတယ်။ (၂၈.၅.၂၀၂၅) ရက်နေ့မှာတော့ ကျွန်တော်တို့ (၃) ယောက်သာရှိတဲ့ Signal Group မှာ ငွေစာရင်းရှင်းတမ်းထုတ်ပြန်ပေးဖို့အတွက် ကျွန်တော်နဲ့ မပန်က ကောင်းကောင်းမွန်မွန် မေးမြန်းပြောဆိုခဲ့ပေမဲ့ WLMF တာဝန်ခံဖြစ်သူ မဂူးဂူးရဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြန်လှန်ပြောဆိုမှုတွေလုပ်ခဲ့တာကြောင့် အဲ့ဒီနေ့ကစပြီး  WLMF  နဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက လုံးဝပြတ်တောက်သွားပါတယ်။ ဒါပေမဲ့ ငွေစာရင်းရှင်းတမ်းကို မဖြစ်မနေဆောင်ရွက်ရမှာဖြစ်တာမို့ WLMF က (၂.၆.၂၀၂၅) နေ့မှာပြုလုပ်တဲ့ TheKey Project ငွေစာရင်းရှင်းတမ်းအစည်းအဝေးကို မပန်ဆယ်လို နဲ့ ကျွန်တော် RBK တို့ တက်ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ WLMF ကရှင်းပြခဲ့တဲ့ ငွေစာရင်းရှင်းတမ်းကို အစည်းအဝေးအပြီး နောက်တစ်ရက် (၃.၆.၂၀၂၅) နေ့မှာ 1st Draft အဖြစ် လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒီ 1st Draft ငွေစာရင်းရှင်းတမ်းကို စစ်ဆေးကြည့်တဲ့အခါမှာ ငွေစာရင်းလွဲမှားမှုတွေနဲ့ မသမာတဲ့ ငွေလွှဲပြောင်းမှုပုံစံ တွေကို စစ်ဆေးတွေ့ရှိရတာကြောင့် (၂၃.၆.၂၀၂၅) နေ့မှာ ကျွန်တော်တို့ (၃) ဦးအစည်းအဝေးထပ်လုပ်ပြီး WLMF ကို ငွေစာရင်းရှင်းတမ်းကို ထပ်မံစိစစ်ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလိုအစည်းအဝေးတွေလုပ်ရာမှာ ကျွန်တော်တို့ (၃) ယောက်ထဲဖြစ်နေရင် ပြောဆိုတဲ့အကြောင်းအရာနဲ့ အချက်အလက်တွေကို သက်သေခံပေးနိုင်သူ မရှိနိုင်တာမို့  ကျွန်တော်တို့ (၃) ဦးထဲမဟုတ်ဘဲ ပြင်ပ Observer တွေကို ထည့်သွင်းစည်းဝေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် Observer အနေနဲ့ ကိုဇင်ဇေလွင်၊ ကိုခန့်ကို၊ ကိုဘုန်းကြီး (SSNDF) တို့အပြင် မှတ်တမ်းပြုစုသူအနေနဲ့ မဆုမြတ် (RBK) တို့ပါဝင်တဲ့ အစည်းအဝေးတစ်ခုကို (၂၆.၇.၂၀၂၅) နေ့မှာ ထပ်မံပြုလုပ်ခဲ့ပေမဲ့ အဲ့ဒီအစည်းအဝေးကို WLMF ၏ တာဝန်ခံဖြစ်သူ မထက်ဟေမာန်အောင်  (ခ )မဂူးဂူး က တက်ရောက်ဖို့ငြင်းဆန်ပျက်ကွက်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့အနေနဲ့ ပြဿနာကိုဖြေရှင်းရာမှာ အကောင်းဆုံးဖြစ်နိုင်မယ့်နည်းလမ်းကို ရှာဖွေဖို့ အစွမ်းကုန်ကြိုးစားခဲ့ခြင်းသာဖြစ်ပါတယ်။ ဒီအစည်းအဝေးကတဆင့် ကိုဇင်ဇေလွင်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ (၇.၇.၂၀၂၅) နေ့မှာ WLMF ဆီကနေ  2nd Draft ငွေစာရင်းရှမ်းတမ်းကို ရရှိခဲ့ပါတယ်။ အဲ့ဒီ 2nd Draft ကို ထပ်မံစစ်ဆေးတဲ့အခါမှာလည်း ငွေစာရင်းလွဲမှားမှုအမြောက်အမြားနဲ့ ငွေကြေးမသမာမှုကိစ္စရပ်အများအပြားကို စစ်ဆေးတွေ့ရှိနေရဆဲဖြစ်တာကြောင့် ကျွန်တော်တို့ RBK အနေနဲ့ WLMF ရဲ့ ငွေစာရင်းတွေကို ကိုယ်တိုင် ဆက်လက်စစ်ဆေးခြင်းထက် ဘက်လိုက်မှုကင်းတဲ့ 3rd Party စာရင်းစစ်အဖွဲ့အစည်းတွေဆီကို မပန်ဆယ်လို ထံမှတဆင့် အပ်နှံစစ်ဆေးစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 3rd Party စာရင်းစစ်အဖွဲ့အစည်းများနဲ့ စစ်ဆေးမှုစတင်နိင်ဖို့အတွက် မထက်ဟေမာန်အောင် (ခ) မဂူးဂူးကို ကိုဇင်ဇေလွင်ရဲ့ ကြားခံညှိနှိုင်းပေးမှုနဲ့ မပန်ဆယ်လိုက ဆောင်ရွက်ခဲ့ပေမဲ့ မထက်ဟေမာန်အောင် (ခ) မဂူးဂူး ဟာ 3rd Party စာရင်းစစ်အဖွဲ့ အစည်းများရဲ့ စစ်ဆေးမှုကို အကြောင်းပြချက်အမျိုးမျိုးပေး အချိန်စွဲပြီး အခုအချိန်အထိ ပူပေါင်းဆောင်ရွက်ခြင်းမရှိခဲ့ပါ။ အခုအချိန်မှာတော့ ကျွန်တော်တို့ရဲ့ သည်းခံနိုင်စွမ်းက ကုန်ပါပြီ။" လို့ ကိုအော်ပီကျယ် ဆိုသည့် အကြမ်းဖက်လှုပ်ရှားမှု ရန်ပုံငွေ ရှာဖွေသူက ရေးသားဖော်ပြထားသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ ခွက်ခေါက်အဖွဲ့များကြားတွင် မကြာခဏ ငွေကြေးအရှုပ်တော်ပုံများ ပေါ်ပေါက်လေ့ ရှိပြီး မိန်းမယုတ် ပန်ဆယ်လို ၏ ငွေကြေးအလွဲသုံးစားလုပ်မှုများအတွက် စစ်ဆေးပေးရန် တောင်းဆိုမှုများ ရှိသော်လည်း NUG အကြမ်းဖက်အဖွဲ့အနေဖြင့် ပန်ဆယ်လို၏ ရရှိအလှူငွေများဖြင့် အိမ်ဝယ်ခြင်း၊ စတိုးဆိုင်ဖွင့်ခြင်းများ လုပ်ဆောင်ထားသည့် မိန်းမယုတ် ပန်ဆယ်လိုအား စစ်ဆေးခြင်း တစ်ကြိမ်မျှ မရှိခဲ့ပေ။ အလားတူ အမေရိကန်နိုင်ငံတွင် အောင်ကြည်ညွန့်၊ ဇင်မာအောင်၊ တင်ထွန်းအောင် အစရှိသူတို့မှာလည်း အလှူငွေများဖြင့် နေအိမ်များ ဝယ်ယူနေထိုင်လျက်ရှိပြီး သူတို့၏ သားသမီးများကို ကျောင်းထားလျက်ရှိသည်ကို တွေ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment