Pages

Pages

အညာမြေ PDF အကြမ်းဖက်စခန်းကို လေကြောင်းမှ ရှင်းလင်း၊ အကြမ်းဖက်သမား ၃ဦး သေဆုံး



ပခုက္ကူ၊ စက်တင်ဘာ ၂၉

မကွေးတိုင်း၊ ပခုက္ကူခရိုင် အခြေစိုက် အညာမြေ PDF အကြမ်းဖက်စခန်းကို တပ်မတော် က စက်တင်ဘာ ၂၈ ရက်နေ့က လေကြောင်းမှ ရှင်းလင်းဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်သမား (၃) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံး PDF အကြမ်းဖက်သမား ၃ဦး အတွက် မသာချပွဲကျင်းပနေသည့် ဓာတ်ပုံများကို အကြမ်းဖက်သမားများက ထုတ်ပြန်ထားသည်။

တပ်မတော်အနေဖြင့် PDF အပါအဝင် အကြမ်းဖက်အဖွဲ့များအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ခံဝန်လက်မှတ်ရေးထိုးစေပြီး ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်များ ပေးအပ်၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment