Pages

Pages

ရွှေဘို PDF ရင်း(၈)မှ တပ်ခွဲမှူး လက်နက်နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်




ရွှေဘို  PDF ရင်း(၈)အဖွဲမှ တပ်ခွဲမှူးအဆင့်ရှိသူ PDF တစ်ဦး ၂၅-၉-၂၀၂၅ ရက်နေ့က ပစ္စတို ၁ လက်၊ ကျည်အိမ်/ကျည်ဆန်များနဲ့အတူ မုံရွာတပ်စခန်း ၁ ခု တွင် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ရွှေဘို PDF အကြမ်းဖက်အဖွဲ့များကို ရေဦးမြို့မှ NLD အမတ် မြင့်ထွေး ၏ သားက ဦးဆောင်ပြီး ရရှိအလှူငွေများကို မြင့်ထွေး ၏ မိသားစုက ခြယ်လှယ်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment