Pages

Pages

ရုရှားနိုင်ငံ Rostechnadzor ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေး


ဗီယင်နာ၊ စက်တင်ဘာ ၁၈

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ (၆၉)ကြိမ်မြောက် အထွေထွေ ညီလာခံကျင်းပနေစဉ်ကာလအတွင်း၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊အဏုမြူစွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီမောင်မောင်နှင့်အတူ ရုရှားနိုင်ငံအစိုးရ၏ပတ်ဝန်းကျင်၊ စက်မှုနှင့်နျူကလီးယားဆိုင်ရာအကြံပေးအဖွဲ့ (Federal Environmental, Industrial and Nuclear Supervision Service of Russia-Rostechnadzor) ဥက္ကဌ Mr. Alexander Trembitskiy ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ၁၆-၉-၂၀၂၅ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံတော်အကြီးအကဲ၏ ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် ရုရှားနိုင်ငံ Rostechnadzor တို့အကြား လက်မှတ် ရေးထိုးခဲ့သော "အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရာတွင် နျူကလီးယားဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေးစည်းမျဉ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ" ကို အကောင်အထည်ဖေါ်ရာတွင် နျူကလီးယားဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပေါ်  ရင်းနှီးစွာအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment