Pages

▼

Pages

▼

ဖိလစ်ပိုင်နိုင်ငံမှ STALLION LAGUNA FC အသင်းကို (၃)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ISPE အသင်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က ဂုဏ်ပြုဆုငွေ ချီးမြှင့်


ရန်ကုန်၊ စက်တင်ဘာ ၂

 AFC Womens Championship League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲကို ၃၁-၈-၂၀၂၅ ရက်နေ့က ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က အနိုင်ရရှိခဲ့သည့် ISPE FC အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ ပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်၊ ဌာနဆိုင်ရာများမှတာ ဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ဖိတ်ကြားထားသောဧည့်သည်တော်များ  တက်ရောက်ခဲ့ကြသည်။

အဆိုပါဘောလုံးပြိုင်ပွဲသည် ၂၀၂၅-၂၀၂၆ ရာသီအာရှချန်ပီယံလိဂ် အမျိုးသမီးကလပ်ခြေစစ်ပွဲဖြစ်ပြီး အုပ်စုအဆင့်ပွဲစဉ်များကိုဆက်လက်ကျင်းပရာတွင် မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီး ဘောလုံးအသင်းနှင့် ဖိလစ်ပိုင်နိုင်ငံမှ STALLION  LAGUNA  FC အမျိုးသမီးဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားရာ ပထမပိုင်း(၄၅)မိနစ်တွင် STALLION  LAGUNA  FC အမျိုးသမီးဘောလုံးအသင်းက(၁)ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းဆက်လက်ယှဉ်ပြိုင်ကစားရာတွင် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းက (၃)ဂိုးသွင်းယူနိုင်ခဲ့ကာ ပြိုင်ပွဲပြီးဆုံးချိန်တွင် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်နိုင်ငံမှ STALLION  LAGUNA  FC အမျိုးသမီးဘောလုံးအသင်းကို (၃)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ကာ Group State သို့ တက်ရောက်သွားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး Group State သို့တက်ရောက်သွားသော I.S.P.E FC အမျိုးသမီးဘောလုံးအသင်းကို  ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment