Pages

Pages

ကိုလံဘီယာက အစ္စရေး သံအဖွဲ့ကို နှင်ထုတ်လိုက်ပြီ


အောက်တိုဘာ - ၂ ( ကြာသပတေးနေ့ ) 

ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးဖို့လာတဲ့ အရပ်သားသင်္ဘောအုပ်စုကို အစ္စရေးရေတပ်က ကြားဖြတ် ဟန့်တားခဲ့ပြီးနောက် ကိုလံဘီယာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စရေးသံတမန်အားလုံးကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပီထရို က ကြေညာလိုက်ပါတယ်။

အစ္စရေး ရေတပ် ထိန်းသိမ်းထားတဲ့ သင်္ဘောများပေါ်တွင် ကိုလံဘီယာနိုင်ငံသား နှစ်ဦး ပါဝင်ပြီး ၎င်းတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားကြောင်း ပီထရို ရဲ့  ရုံးက ပြောကြားခဲ့ပါတယ်။ ကိုလံဘီယာ နိုင်ငံသားများသည် ပါလက်စတိုင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြ တယ်လို့ ပီထရိုက ဗုဒ္ဓဟူးနေ့မှာ သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးသားခဲ့ပြီး အစ္စရေးနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ကိုလည်း ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့သည့်လက စပိန်မှ ထွက်ခွာသွားသည့် အဆိုပါ သင်္ဘောအုပ်စုမှာ ကမ္ဘာရာသီဥတုအရေးလှုတ်ရှားသူ ဆွီဒင်သူ ဂရီတာ သန်ဘာဂ် အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်မှ တက်ကြွလှုပ်ရှားသူများကို သယ်ဆောင်လာတဲ့ သင်္ဘော အများအပြားကို အစ္စရေးရေတပ်က ကြားဖြတ် ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ 

အစ္စရေး တာဝန်ရှိသူများက အဆိုပါ သင်္ဘောများက အကူအညီများပေးအပ်ဖို့ လာတာ မဟုတ်ဘဲ အကြမ်းဖက် ဟားမတ်စ်များကို ကူညီရန် ရည်ရွယ်နေတာဖြစ်လို့ "ရန်စခြင်း" လို့ သက်မှတ်ကာ ထိန်းသိမ်းလိုက်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒိလို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ အတွက်ကြောင့် နိုင်ငံတကာရဲ့ ရှုတ်ချမှုကို ခံခဲ့ရပြီး နိုင်ငံအများအပြားတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါတယ်။ 

နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်စဉ် ကိုလံဘီယာ သမ္မတ ပီထရိုက အမေရိကန်စစ်သားတွေအနေနဲ့ သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အမိန့်ကို မနာခံရန် တောင်းဆိုခဲ့ပြီးနောက် အမေရိကန်အစိုးရက က ပီထရိုရဲ့ ဗီဇာကို ပြီးခဲ့တဲ့အပတ်က ရုပ်သိမ်းလိုက်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment