ပေါင်၊ အောက်တိုဘာ ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မဲစာရင်းများ ကပ်ထားသည့်နေရာများကို ယနေ့ နံနက်ပိုင်းက သတ်မှတ်ရပ်ကွက်/ကျေးရွာများသို့ တာဝန်ရှိသူများ မှ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးစံလှဘော် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ဝင်များသည် သက်ဆိုင်ရာရပ်ကွက်များသို့ ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာထားမှုအား ပြည်သူများလာရောက်ကြည့်ရှုနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ကပ်ထားကြေညာသည့် မဲစာရင်းများကိုလည်း ပြည်သူများသိရှိစေရေး အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment