ပလောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ မိုးရာသီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပလောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ မိုးရာသီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

 




ပလောက်  ၊ အောက်တိုဘာ ၁၈


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၁၆) ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးမှ နှုတ်ဆက်စကားများ ပြောကြားပြီး အ.ထ.က (ပလောက်) ကျောင်းသူလေးများမှ အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ပလောက်တပ်နပ်မှ တာဝန်ရှိသူများ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မူလတန်းနှင့် အလယ်တန်းအဆင့် တစ်ဦးချင်းအကောင်းဆုံးဆုများနှင့် အသင်းလိုက်ဆုများ၊ ဂုဏ်ပြုဆုငွေ၊ ဆုကလပ်များ၊ လည်ဆွဲပြားများ ချီးမြှင့်ခြင်းနှင့် ဒိုင်းဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ မိုးရာသီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသင်း(၁၇)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။


ပလောက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)