Pages

Pages

ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများကပ်ထား ကြေညာ






ဟင်္သာတ၊ အောက်တိုဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးနိုင်သူများ စာရင်းကို စက်တင်ဘာ ၃၀ ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ကော်မရှင်ရုံးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားရာ မဲပေးနိုင်သူ ၂၁၄၂၇၃ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေး ပထမအကြိမ်မဲစားရင်းများ ကပ်ထားကြေညာခြင်းကို ဟင်္သာတခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဝေနှင့် အဖွဲ့ဝင်များ၊ မြိုနယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ထို့သို့ မဲစာရင်းများ ပထမအကြိမ်ကြေညာရာတွင် ရပ်ကွက် ၃၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၀၁ အုပ်စု၊ မဲရုံပေါင်း ၁၉၄ ရုဲရှိရာ ဟင်္သာတမြို့နယ်၌ မဲပေးနိုင်သူ ၂၁၄၂၇၃ ဦးရှိကြောင်းသိရပါသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment