Pages

Pages

မိုင်းပျဉ်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ




မိုင်းပျဉ်း  ၊အောက်တိုဘာ ၁၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း စာသင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်္ချာစွမ်း ရည်ပြိုင်ပွဲတွင် မူလတန်းနှင့်အလယ်တန်းအဆင့်(၂၇)ဦး၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် မူလတန်းနှင့်အလယ်တန်းအဆင့်(၂၀)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။   

အဆိုပါ မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲအပြီးတွင် အင်္ဂလိပ်စာစွမ်းရည် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သတင်းရရှိသည်။


နန်းသန္တာဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment