Pages

Pages

နှစ်ကူးအားလပ်ရက်အတွက် လေယာဉ်လက်မှတ်ဈေးတွေကို လျှော့ချ



အောက်တိုဘာ - ၂၂ ( ဗုဒ္ဓဟူးနေ့ ) 

အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက သမ္မတ ပရာဘိုဝီ ဆူဗြန်တို ရဲ့ ညွှန်ကြားချက်အတိုင်း တိုင်းပြည် စီးပွားရေးအရှိန်အဟုန်ကို ထိန်းထားရန် နဲ့  အိမ်ထောင်စုအသုံးစရိတ်ကို အားကောင်းစေရန် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ၂၀၂၅ ခရစ္စမတ်နှင့် ၂၀၂၆ နှစ်သစ်ကူး ခရီးသွားကာလအတွက် ပြည်တွင်းလေကြောင်းလက်မှတ်များကို ၁၃ %  လျှော့ချလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

သယ်ယူပို့ဆောင်ရေးဝန်ကြီး က ယာဉ်စီးခ လျှော့ချမှုများသည် အားလပ်ရက်များတွင် အင်ဒိုနီးရှားနိုင်ငံသားများ ခရီးသွားရန်နှင့် ၎င်းတို့၏ မိသားစုများနှင့် ပြန်လည်ပေါင်းစည်းဖို့ လွယ်ကူစေရန် အတွက် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။ “ဒီဆုံးဖြတ်ချက်က ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတွေကို ကျင်းပလိုသူတွေအပေါ် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့ပေးဖို့ အစိုးရရဲ့ ကတိကဝတ်ကို ပြသနေပါတယ်” လို့ မနေ့က ပြောသွားပါတယ်။  လျှော့စျေးက ဒီဇင်ဘာ ၂၂၊ ၂၀၂၅ မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ရိုးရိုးတန်းပြည်တွင်းလေကြောင်းများ အကျုံးဝင်ပြီး လက်မှတ်များကို ၂၀၂၅ အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ 


REF: Jakara globe

https://t.me/MyanmarNationalPost

No comments:

Post a Comment