Pages

Pages

ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ ပါတီဝင်မိသားစုများနှင့် တွေ့ဆုံ၊ သက်ကြီးရွယ်အိုများကို ပူဇော်ကန်တော့





နေပြည်တော်၊ အောက်တိုဘာ ၄

ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ဒေါ်လှလှ၏နေအိမ်၌ ယနေ့ နေ့လည်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ဥက္က၊ ဦးလှဆွေ က ပါတီဝင်များ၊ ပါတီဝင်မိသာစုများနှင့်ပါတီဝန်ရံသူများ နှင့် တွေ့ဆုံပြီး သက်ကြီးရွယ်အိုများကို ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ၊ ဇေယျာခရိုင်အတွင်းရေးမှူး (ယာယီ)ဦးချစ်ဝေ၊ မြို့နယ်

ဥက္ကဌဦးကျော်နိုင်မိုး၊ အတွင်းရေးမှူးဦးဆန်းလွင်နှင့် ကော်မတီဝင်များတက်ရောက်ခဲ့ပါသည်။ 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ မှ ယခင်အစိုးရလက်ထက်က ဆောင်ရွက်မှုအမှားများကို တင်ပြဆွေးနွေးခြင်း၊ လက်ရှိအစိုးရလက်ထက် နိုင်ငံရေးအခြေအနေများနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသော ပါတီဝင်မိသားစုများကို ဘောပင်များ၊ ပုဂံဆေးဆပ်ပြာရည်ဘူးများ၊ ပါတီတံဆိပ်စတေးကာများပေးအပ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ မှ တက်ရောက်လာသော ဘိုးဘွား(၁၁)ဦးအား ငွေကျပ်သုံးသောင်းစီ ကိုယ်တိုင်ကန်တော့ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment