ဒက္ခိဏသီရိမြို့နယ်တွင် ကျွဲ၊ နွားနှင့် ဆိတ်များအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒက္ခိဏသီရိမြို့နယ်တွင် ကျွဲ၊ နွားနှင့် ဆိတ်များအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး




နေပြည်တော်  ၊ အောက်တိုဘာ ၃၀


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန်အတွက် ယနေ့နံနက် ပိုင်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ တောင်သူများ၏ မွေးမြူထားသည့် ကျွဲ၊ နွားနှင့် ဆိတ်များအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုအတွင်းရှိ မွေးမြူထားသည့် ကျွဲ၊ နွား ၅၂၃၅ ကောင်နှင့် ဆိတ် ၃၀ ကောင်တို့အား အောက်တိုဘာ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ခွာနာလျှာနာ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)