Pages
▼
Pages
▼
ဒိုက်ဦးမြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
ဒိုက်ဦး ၊ အောက်တိုဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သော (၁/၂၀၂၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးမှ သင်တန်းဖွင့်အမှာစကားပြောကြားပါသည်။
ဆက်လက်၍ ဒိုက်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးချမ်းမြေ့ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားကာ အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။
အဆိုပါသင်တန်းအား ၁၃.၁၀.၂၀၂၅ မှ ၇.၁၁.၂၀၂၅ ရက်နေ့ သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းသား (၅၀)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment