Pages

Pages

တာမွေမြို့နယ်ဘောလုံးအဖွဲ့ချုပ် အသစ်ပြန်လည်ဖွဲ့စည်းတင်မြှောက်ခြင်းအခမ်းအနားကျင်းပ

 



တာမွေ၊ အောက်တိုဘာ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ဘောလုံးအဖွဲ့ချုပ် အသစ်ပြန်လည်ဖွဲ့စည်း တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်မ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာမွေမြို့နယ် ဘောလုံးအဖွဲ့ချုပ် နာယက ဦးသန့်စင်ဦးက အဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ ဥက္ကဋ္ဌ ဦးသူရဝင်းဝင်းစိုးက အဖွဲ့ချုပ်အနေဖြင့် ဆောင်ရွက် ခဲ့သည့် လူမှုအကျိုးပြုလုပ်ငန်းများနှင့် မြို့နယ်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှေ့ဆက်လုပ်ဆောင် သွားမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက မိတ်ဆက်စကားများ ပြောကြား၍ အထွေထွေကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း နှင့်အဖွဲ့ဝင်များ၊ တာမွေမြို့နယ် ဘောလုံးအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အားကစားနည်းပြများနှင့် အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment