အောက်တိုဘာ - ၃ ( သောကြာနေ့)
လွန်ခဲ့သည့် ၁၂ လအတွင်း ဆွစ်ဇာလန်၏ ရေခဲမြစ်များသည် သိသိသာသာ အရည်ပျော်သွားကြောင်း မှတ်တမ်းတွင် စတုတ္ထမြောက် အကြီးဆုံး ရေခဲပမာဏ လျော့ကျသွားကြောင်း စောင့်ကြည့်ရေးအဖွဲ့ GLAMOS က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် ဆွစ်အဲလ်ပ်တောင်တန်း၏ အရှေ့မြောက်ပိုင်းတွင် နှင်းအကျနည်းသော ဆောင်းရာသီတစ်ခုနဲ့ ဇွန်လအတွင်းက အပူလှိုင်းကြောင့် ရေခဲမြစ်များသည် ၎င်းတို့၏ စုစုပေါင်းရေခဲထု၏ ၃ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ကြောင်း ယခုနှစ် အစီရင်ခံစာအရ သိရပါတယ်။
ရေခဲအရည်ပျော်မှုသည် ၂၀၂၂ နှင့် ၂၀၂၃ ကဲ့သို့ ပြင်းထန်ခြင်းမရှိသော်လည်း ရေခဲမြစ်များရဲ့ ၅.၉ ရာခိုင်နှုန်းနှင့် ၄.၄ ရာခိုင်နှုန်း အသီးသီး ဆုံးရှုံးသွားခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ ရေခဲထုက ၂၀၁၅ ခုနှစ်နောက်ပိုင်း ရေခဲပြင်ထုထည်၏ လေးပုံတစ်ပုံ ဆုံးရှုံးခဲ့ပါတယ်။ ရိုနီရေခဲမြစ်သည် ဥရောပရှိ အကြီးဆုံးရေခဲမြစ်ဖြစ်သော်လည်း လျင်မြန်စွာ ကျုံ့သွားကာ ယခုနှစ်တွင် ပျမ်းမျှအားဖြင့် အထူ ၁.၅ မီတာခန့် ဆုံးရှုံးသွားခဲ့ပါတယ်။
GLAMOS ၏ အဆိုအရ ဆွစ်ဇာလန်နိုင်ငံရှိ ရေခဲမြစ် ၁၀၀ ခန့်သည် ၂၀၁၆ မှ ၂၀၂၂ ခုနှစ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီး အများစုမှာ ရာစုနှစ်အကုန်တွင် ပျောက်ကွယ်သွားနိုင်ကြောင်း ဆိုပါတယ်။ "ကံမကောင်းစွာပဲ၊ ရေခဲမြစ်တွေကို ကယ်တင်ဖို့ ကျနော်တို့အများကြီး မစွမ်းဆောင်နိုင်ပါဘူး... ဒီနေ့ ရာသီဥတု တည်ငြိမ်နေရင်တောင်မှ သူတို့ ဆက်လက် ပျောက်သွားဖို့ရှိနေပါတယ်” လို့ ဟက်စ်က ဆိုပါတယ်။
အကယ်၍ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုက လာမည့်နှစ်ပေါင်း ၃၀ အတွင်း တစ်ကမ္ဘာလုံး အဆင့် သုညသို့ ကျဆင်းသွားပါက၊ ရေခဲမြစ် ၂၀၀ အထိ ကယ်တင်နိုင်မယ်လို့ ၎င်းက ဆက်လက်ပြောပါတယ်။ အထူးသဖြင့် ယခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၀၀၀ ရှိ ဆွစ်ဇာလန် ရေခဲမြစ်များ ပျောက်ကွယ်ဖွယ်ရာရှိနေတယ်လို့ ဆိုပါတယ်။
REF: CGTN
https://t.me/MyanmarNationalPost



No comments:
Post a Comment