Pages

Pages

ပါရီက အထင်ကရ လူဗရီပြတိုက် အလုခံလိုက်ရလို့ ပိတ်လိုက်ရပြီ




အောက်တိုဘာ - ၂၀ ( တနင်္လာနေ့ ) 

ပြင်သစ်ယဉ်ကျေးမှုဝန်ကြီး ရာချီဒါဒက်တီ က ပါရီမြို့ရှိ လူဗရီပြတိုက် ဖောက်ထွင်းလုယက်ခံ လိုက်ရလို့ ပြတိုက်ကိုပိတ်ထားလိုက်ရတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။ 

နောက်ပြီး သူက သူ့ရဲ့ အိတ်စ်မီဒီယာအကောင့်မှာ "လူဗရီ ပြတိုက်ကို မနက်ပိုင်းဖွင့်ချိန်မှာပဲ ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်" လို့ ရေးတင်ခဲ့ပါတယ်။ “လက်ဝတ်ရတနာတွေနဲ့အတူ ဓားပြတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိပါဘူး။ ပြတိုက်ထဲမှာ ကျမရော၊ ပြတိုက်ဝန်ထမ်းတွေနဲ့ ရဲတွေ ရှိနေပါတယ်" လို့  သူမကရေးတင်ထားပါတယ်။  

ပြတိုက်ရဲ့ ဝက်ဘ်ဆိုက်မှာကတော့ ဘာတွေပါသွားတယ်တို့ ဘယ်လိုတွေ လာပြီးလုယက်တယ်တို့  အစရှိသဖြင့် သတင်း ထုတ်ပြန်ချက်တွေကို လုံးဝမလုပ်ပါဘူး။ လူဗရီပြတိုက်က မိုလာလီဇာအပြုံးလို အထင်ကရ အဖိုးတန် ပန်းချီကားတွေ၊ ရှေ့ခေတ် ကျောက်မျက်ရတနာတွေ နဲ့ တန်ဖိုးကြီး သမိုင်းဝင်ပစ္စည်းများစွာကို ပြသထားတဲ့ ပြင်သစ်နိုင်ငံက နာမည်ကြီး ပြတိုက် တစ်ခုဖြစ်ပါတယ်။ 


REF: Hindustan Times

https://t.me/MyanmarNationalPost

No comments:

Post a Comment