ကမ္ဘောဒီယား လူဝင်မှုကြီးကြပ်ရေးက ဝဘ်ဆိုဒ်အတုများနဲ့ပတ်သက်လို့ သတိပေးထား
နိုင်ငံတကာလေဆိပ်များမှတစ်ဆင့် ကမ္ဘောဒီးယားသို့ အီလက်ထရွန်းနစ်ဝင်ခွင့်ပါမစ်ဝန်ဆောင်မှုများ ပေးဆောင်ရာတွင် လိမ်လည်လှည့်ဖြားတဲ့ ၀က်ဘ်ဆိုဒ်များကို သတိရှိကြရန် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက ပြည်သူများအား သတိပေးထားပါတယ်။ အဲ့ဒိဝဘ်ဆိုဒ်တွေက ခရီးသွားများအား ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပေးဆောင်ရန်တောင်းဆိုပြီး လမ်းလွဲစေတယ်လို့ ပြောပါတယ်။ (Agent KAMPUCHEA PRESSE)
အစ္စရေး - ပါလက်စတိုင်း စစ်ပွဲ ၂ နှစ်ပြည့် နှစ်ပတ်လည်အတွက် အင်ဒိုနီးရှားက လူငယ်တွေ စီတန်လှည့်လည်ခဲ့
ဂါဇာစစ်ပွဲ ဒုတိယနှစ်ပတ်လည်သို့ ဝင်ရောက်လာချိန်တွင် အင်ဒိုနီးရှားဘာသာရေးဆိုင်ရာအဖွဲ့အစည်းများနဲ့ လူမှုအဖွဲ့အစည်းတွေက ပါလက်စတိုင်းသားတွေနဲ့ စည်းလုံးညီညွတ်မှုရှိကြောင်းကို ပြသရန် အင်္ဂါနေ့တွင် အဲ့ဒိအဖွဲ့အစည်းတွေက စုဝေးခဲ့ကြပြီး လူငယ်များဦးဆောင်တဲ့ လူထုစုဝေးပွဲအတွက် ထောက်ခံအားပေးကြပါတယ်။ ဇီယွန်ဝါဒီလိုလားသော ဇာတ်ကြောင်းများကို တွန်းလှန်ရန် နဲ့ အမေရိကန်ဦးဆောင်တဲ့ သံသယဖြစ်ဖွယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပုံမှန်ပြန်လည်လုပ်ဆောင်ရန် အစိုးရအား တိုက်တွန်းခဲ့ကြပါတယ်။ (THE JAKARTA POST)
တစ္စေကျန်းမာရေးဝန်ဆောင်မှုတွေကို တရားဝင်ဖြစ်အောင်လုပ်ဖို့ကြိုးစားနေ
ဖိလစ်ပိုင်ကျန်းမာရေး ဝန်ကြီးဌာန( DOH ) က ပြည်တွင်းမှာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ အားကောင်းလာစေရန်အတွက် တစ္စေကျန်းမာရေးဝန်ဆောင်မှု ( အပ်ပုန်း) တွေကို ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ တရားဝင်လုပ်လို့ရအောင် လုပ်ပေးနိုင်မယ် အစီအစဉ်တစ်ရပ်ကို ကြိုးပမ်းရှာဖွေနေပါတယ်။ (PNA)
စင်ကာပူနိုင်ငံဆိုင်ရာ သံအမတ်သစ် အား အမေရိကန် အထက်လွှတ်တော်က အတည်ပြု
အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်က အင်္ဂါနေ့ (အောက်တိုဘာ ၇ ရက်) တွင် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အမည်စာရင်းတင်သွင်းသူ ဒေါက်တာ အန်ဂျာနီ ဆင်ဟာ အား စင်ကာပူနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် အတည်ပြုခဲ့ပါတယ်။ (CNA )
၂၀၁၁ ခုနှစ်တုန်းကလို ရေကြီးရေလျှံမှု မဖြစ်နိုင်တော့ဘူးလို့ ဆို
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက် အုပ်ချုပ်ရေးအဖွဲ့က မြို့တွင်း ရေမြင့်တက်မှုများအတွက် အပြည့်အ၀ ပြင်ဆင်ထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ၂၀၁၁ ခုနှစ် က ကြုံခဲ့ရတဲ့ ရေကြီးမှု ကပ်ဘေး ထပ်မံမဖြစ်တော့ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ (BANGKOK POST)
လောင်းဖု အပူဓာတ်အားပေးစက်ရုံက အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရန် ပေါင်းထည့်ပေးနိုင်မယ်
ဗီယက်နမ်နိုင်ငံ လောင်းဖု ( ၁ ) အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ၂၀၂၇ တွင် တည်ဆောက်ပြီးစီးခဲ့ပါက မဂ္ဂါဝပ်၁၂၀၀ ထွက်ရှိတဲ့ အဲ့ဒိ စက်ရုံကနေ နိုင်ငံတော်ဓာတ်အားလိုင်းထဲကို နှစ်စဉ် ကီလိုဝပ်နာရီ ခုနစ်ဘီလီယံ အထိ လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ (VIETNAMPLUS)
https://t.me/MyanmarNationalPost

No comments:
Post a Comment