Pages

Pages

သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေး မုဒုံမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်




မုဒုံ ၊  အောက်တိုဘာ ၁၇


သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိများသည် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့်အဖွဲ့သည် ဘဲရမ်းကျေးရွာရှိ သမဝါယမအသင်းလီမိတက် အသင်းပိုင်မြေနေရာတွင် ရာမညဖွံ့ဖြိုးတိုးတက်ရေးဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အအေးခန်းစက်ရုံများနှင့် လူနေဆိုင်ခန်းများ ဆောက်လုပ်မှုအခြေအနေများ၊ မြို့မ(၁)ရပ်ကွက် ရေစင်အနီးအတွင်း မြို့နယ်သမဝါယမအသင်းစုမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပညာရေးဝန်ဆောင်မှုလုပ်ငန်း ပုဂ္ဂလိကစာသင်ကျောင်းမြေနေရာ ရှင်းလင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အသင်းမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းများစနစ်တကျ အကောင်အထည်ဖော်နိုင်ရေး လိုအပ်ချက်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ရာမည

https://t.me/MyanmarNationalPost

No comments:

Post a Comment