Pages

Pages

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံရှိ အထင်ကရနေရာများ လှည့်လည်ကြည့်ရှုလေ့လာ


နေပြည်တော်၊ အောက်တိုဘာ ၁၈

နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပ လေ့လာရေးခရီးစဉ် စေလွှတ်ခဲ့ သော ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးနှင့် အုပ်ချုပ်သူများသည် ၁၆-၁၀-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက စင်ကာပူနိုင်ငံမှ လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိကြသည်။

မွန်းလွဲပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးက ခရီးစဉ်နှင့် ပတ်သက်သည် များကို ရှင်းလင်းပြောကြားပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

ညပိုင်းတွင် ထူးချွန် ကျောင်းသား ကျောင်းသူများသည် Chao Phraya River Cruise ဖြင့် မြစ်ကြောင်းတစ်လျှောက်ကြည့်ရှု‌ လေ့လာခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင် ထူးချွန် ကျောင်းသား ကျောင်းသူများသည် ဗန်ကောက်မြို့ Assumption University ၌ တက္ကသိုလ်နှင့် ပတ်သက်သည့် အချက်အလက်များနှင့် ပို့ချလျက်ရှိသည့်သင်တန်း များကို လည်းကောင်း၊ ပတ္တရားမြို့ရှိ Nong Nooch Garden ပန်းခြံအတွင်းရှိ ပြကွက်များနှင့် Mus-eum များကိုလည်းကောင်း၊ ပတ္တရားကမ်းခြေ၏ သဘာဝအလှများကိုလည်းကောင်း လှည့်လည်ကြည့်ရှု‌လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment