အောက်တိုဘာ - ၃ ( သောကြာနေ့ )
နေတိုး နိုင်ငံတွေကို ရုရှားက တိုက်ခိုက်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်မရှိသော မန္တန်ကို ဥရောပနိုင်ငံက ခေါင်းဆောင် တွေ ထပ်ခါတလဲလဲ ရွတ်နေမဲ့အစား ခင်ဗျားတို့တတွေ စိတ်လျှော့ပြီး အိပ်ပျော်အောင်အိပ်စမ်းပါလို့ ရုရှား သမ္မတ ဗလာဒီမာပူတင်က မနေ့က ပြုလုပ်တဲ့ ဆိုချီမြို့ရှိ ဗယ်လ်ဒိုင်း ဆွေးနွေးပွဲ ကလပ်ရဲ့ နှစ်ပတ်လည်မိန့်ခွန်းမှာ ပြောကြား လိုက်ပါတယ်။
အီးယူခေါင်းဆောင်များအနေနဲ့ ရုရှားက နေတိုးနိုင်ငံတွေကို တိုက်ခိုက်မယ် လို့ အမှန်တကယ် ယုံကြည်ပါက သူတို့အနေနဲ့ သူတို့ရဲ့နိုင်ငံသားတွေကို အခြားနည်းဖြင့် စည်းရုံးဖို့ လိုပါတယ်။ အခုတော့ မရိုးမသားစိတ်တွေနဲ့ နိုင်ငံသားတွေကို လှည့်ဖျားဖို့ ကြိုးစားနေကြပါတယ်လို့လည်း ပြောသွားပါတယ်။
“ကျနော်က ရိုးရိုးသားသားပြောရရင် အေးအေးဆေးဆေး အိပ်ပါ၊ ကောင်းကောင်းအိပ်ပါ၊ ဒါမှမဟုတ် သင့်ကိုယ်ပိုင်ပြဿနာတွေကို ဖြေရှင်းပါ” လို့ အီးယူအဖွဲ့အတွင်းမှာ ဖြစ်နေတဲ့ လူမှုရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးပြဿနာများကို ရည်ညွှန်းကာ ပူတင်က ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် အီးယူနိုင်ငံတွေက ပိုလန်နှင့် ဘောလ်တစ်နိုင်ငံတွေကို ယူကရိန်းစစ်အား ရုရှားတွေ နိုင်သွားပါက ရုရှားနယ်စပ်အနီးရှိ အီးယူနိုင်ငံတွေနဲ့ နေတိုး အဖွဲ့ဝင်တွေကို တိုက်ခိုက်လာနိုင်စရာရှိတယ် ဆိုပြီး သွေးထိုးပေးနေကြပါတယ်။ အဆိုပါနိုင်ငံများက ရုရှားရဲ့ ရန်လိုမှုအပေါ် စိုးရိမ်ပူပန်မှုရမယ်ဆိုပြီး လှုံ့ဆော်ပေးနေကာ ၎င်းတို့ရဲ့ ကာကွယ်ရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းနေကြောင်း ရုရှားတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment