Pages

Pages

ပျော်ဘွယ်မြို့နယ်၊ ပဲ့ကန်(တောင်)ရွာ၌ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပနေစဉ် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ဝင်ပစ်လို့ အမျိုးသား(၈)ဦး သေဆုံး


ပျော်ဘွယ်၊ အောက်တိုဘာ ၁၇

ပျော်ဘွယ်မြို့နယ်၊ ပဲ့ကန်(တောင်)ရွာ၌ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပနေစဉ် ယမန်နေ့ (၁၆-၁၀-၂၀၂၅) ရက်နေ့က PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ဝင်ပစ်လို့ အမျိုးသား(၈)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပျော်ဘွယ်-နတ်မောက်သွားကားလမ်း၊ စံပါယ်ကုန်းကျေးရွာအုပ်စု၊ ပဲ့ကန်(တောင်)ရွာ၌ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်း အောင်ပွဲအထိမ်းအမှတ်အခမ်းအနား ကျင်းပနေစဉ် PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ဒေသခံ ကျား ၈ ဦး သေဆုံး၊ အမျိုးသမီး ၁ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်သည် လက်နက်မဲ့ ပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သော လုပ်ရပ်ဖြစ်ပြီး အလားတူ ဖြစ်စဉ်မျိုး ပုဂံမြို့သစ်တွင် ဖြစ်ပေါ်ခဲ့ဖူးသည်။ ပုဂံမြို့သစ်တွင် ပဋ္ဌာန်းပွဲအတွက် အစည်းအဝေးပြုလုပ်နေစဉ် PDF အကြမ်းဖက်အဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် ဂေါပကအဖွဲ့ဝင် (၇)ဦး သေဆုံးခဲ့ပြီး (၆)ဦး ပြင်းထန်ဒဏ်ရာရသည့် ဖြစ်စဉ် ဖြစ်ခဲ့ဖူးသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment