Pages

Pages

အာဆီယံကော်မတီကူဝိတ်(ACK)နှင့် UN Habitat ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် ပတ်ဝန်းကျင်သန့်ရှင်းရေးလှုပ်ရှားမှုတွင် မြန်မာသံရုံး၊ ကူဝိတ်မြို့မှ ပါဝင်ဆင်နွှဲ



ကူဝိတ်၊ နိုဝင်ဘာ ၂၄

 အာဆီယံကော်မတီကူဝိတ် (ASEAN Committee Kuwait-ACK) သည် ကူဝိတ်ရှိ UN Habitat ရုံးနှင့် ပူးပေါင်း၍ ပတ်ဝန်းကျင်သန့်ရှင်းရေးလှုပ်ရှားမှုတစ်ခုကို ၂၂-၁၁-၂၀၂၅ ရက် နေ့နံနက်ပိုင်း၌ ကူဝိတ်မြို့ရှိ Shuwaikh ကမ်းခြေ၌ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုသို့ ကူဝိတ်ရှိ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ မိသားစုများနှင့်အတူ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးချမ်းအေး၊ သံရုံးဝန်ထမ်းများနှင့် မိသား စုဝင်များ၊ ကူဝိတ်ရှိ မြန်မာအသိုက်အဝန်းမှ မြန်မာနိုင်ငံသားအချို့ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ အထက်ပါလှုပ်ရှားမှုသို့ ကူဝိတ်ရှိ အာဆီယံနိုင်ငံများမှ နိုင်ငံသားများအပါအဝင် စုစုပေါင်း လူ ၁၀၀ ဦးခန့်ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ 

 အထက်ဖော်ပြပါလှုပ်ရှားမှုကို ACK လက်ရှိဥက္ကဌတာဝန်ယူထားသည့် အင်ဒိုနီးရှား သံရုံးမှဦးဆောင်၍ ကူဝိတ်ရှိ UN Habitat ရုံး၏ အကူအညီဖြင့် ကူဝိတ်တွင် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ စည်းကမ်းမဲ့အမှိုက်မပစ်ရေး၊ အများပြည်သူအပန်းဖြေအသုံးပြုရာနေရာများကို တာဝန်ယူမှုရှိစွာဖြင့်သုံးစွဲရေး စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ACK အနေဖြင့် ကူဝိတ်၌ ယခုကဲ့သို့ လူထုနှင့်နီးကပ်သည့် ပညာပေးလှုပ်ရှားမှုများကို ဆောင် ရွက်ခြင်းဖြင့် ကူဝိတ်တွင် အာဆီယံ၏ အခန်းကဏ္ဍကိုမြှင့်တင်နိုင်ရန် ဦးတည်ဆောက်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။ 


#News

No comments:

Post a Comment