Pages

Pages

စစ်ကိုင်းမြို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း ‌ဟောပြောပွဲကျင်းပ



စစ်ကိုင်း  ၊ နိုဝင်ဘာ ၂၅


စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ လေးကျွန်းမြေအုဋ်ကျောင်း၊ ပရဟိတပညာရေး အကယ်ဒမီကျောင်း၌ ကျင်းပပြုလုပ်သည်။အခမ်းအနားတွင် စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့် စာသုံးသူများ၏ တာဝန်များ၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးပါက ဆောင်ရွက်ရမည့်နည်းလမ်းများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်ရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


နေလင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment