ကလောမြို့နယ်၌ သမဝါယမအသင်းလီမိတက်မှ မိုးစပါးရိတ်သိမ်းမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ သမဝါယမအသင်းလီမိတက်မှ မိုးစပါးရိတ်သိမ်းမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

 



ကလော  ၊ နို၀င်ဘာ ၁၉


ရှမ်းပြည်နယ်‌တောင်ပိုင်း၊‌ ကလောမြို့နယ်၊‌ ၀ါးရုံပင်‌ကျေးရွာအုပ်စု၊ ၀ါးရုံပင်ကျေးရွာရှိ စီမံကိန်းသီးနှံ(သက်တံ့‌ရောင်စီမံကိန်း) စိုက်ပျိုးလျက်ရှိသည့် ‌‌"‌ရွှေရင်အေး"မျိုး‌စေ့ထုတ်လုပ်‌ရေးလုပ်ငန်း သမ၀ါယမအသင်းလီမိတက်၏ GW-11 မိုးစပါးရိတ်သိမ်း‌မှုအ‌ခြေအနေအား ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း‌ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက GW-11 ‌မိုးစပါးရိတ်သိမ်း‌‌နေသည့် “‌ရွှေရင်အေး” မျိုး‌စေ့ထုတ်လုပ်‌ရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ ရိတ်သိမ်း‌ခြွေ‌လှေ့စက်ဖြင့် စပါးရိတ်သိမ်း‌နေသည့်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ရာ တစ်ဧကလျှင်(၁၃၀)တင်း ပျမ်းမျှထွက်ရှိ‌ကြောင်း၊ အသင်းမှလိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့် စျေးကွက်ပိုမိုရရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ် သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ကျော်ဝင်း (ကလော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)