Pages

Pages

မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်ကို အဖျက်သမားများက မီးရှို့ဖျက်ဆီး


ရန်ကုန်၊ နိုဝင်ဘာ ၁၇

မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီရပ်ကွက်၊ မြို့ပတ်လမ်း၊ အနန်းပင်ဈေးထောင့်တွင် စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများ၏ ကြော်ငြာဘုတ်အား အဖျက်သမားများက မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ယနေ့ ၁၇.၁၁.၂၀၂၅ ရက်နေ့တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်များ၏ ကြော်ငြာဘုတ် မီးရှို့ဖျက်ဆီးခံထားရသည်ကို တွေ့မြင်ရကြောင်း မြို့ခံတစ်ဦး က ပေးပို့လာခြင်းဖြစ်သည်။

ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို အဖျက်အမှောင့် လုပ်ပါက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေးဥပဒေ ပုဒ်မ (၂၄) အရ အရေးယူခံရမည်ဖြစ်သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment