ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲကျင်းပ

 




ရန်ကုန်  ၊ နိုဝင်ဘာ ၁၃


ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိနယ်မြေခံသင်တန်းကျောင်းတွင်ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ ကျောင်းအုပ်ကြီးအား သင်တန်းသားတပ်ခွဲများက အလေးပြုကာ ဆက်လက်၍ နိုင်ငံတော်အလံကို အလေးပြုပြီး သင်တန်းသားများက ကတိသစ္စာ​ပြု ကျမ်းသစ္စာဆို​​ကြ​သည်။

ထို့နောက် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ် ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်းပထမဆု၊ ချေမှုန်းရေးပထမဆု၊ အကောင်းဆုံးအိပ်ဆောင် ဆုရရှိသူများကို ကျောင်းအုပ်ကြီးက ဆုများပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်​ကြီးက သင်တန်းဆင်း မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းသားများနှင့်တွေ့ဆုံအမှာစကားပြောကြားပြီး သင်တန်းဆင်းတပ်ခွဲများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဂုဏ်ပြုချီးမြှင်ငွေများ ပေးအပ်သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား(၄၇၅)ဦးအား ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြ ဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်မှု ဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကို သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၁၀)ပတ်ကြာ သင်ကြားပို့ချသွားခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)