အုတ်ဖိုမြို့နယ်၌ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသော မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်နေပြည်သူများလာရောက်ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်ဖိုမြို့နယ်၌ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသော မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်နေပြည်သူများလာရောက်ကြည့်ရှု

 


အုတ်ဖို  ၊ နိုဝင်ဘာ ၂၅

‎ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ထုတ်ပြန် ကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၌ ကြောညာထားရာ ယနေ့တွင် ရပ်ကွက်နေပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

‎အဆိုပါမဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းကို ဒီဇင်ဘာ ၄  ရက်ထိ ကြေညာသွားမည်ဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးမည့်စာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်ကြောင်း၊ မိမိအမည်၊ မှတ်ပုံတင်အမှတ်၊ အဘအမည်စသည့်အချက်အလက်များ ကွဲလွဲနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ကြရမည်ဖြစ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာဆိုင်ရာအဖွဲ့များက ရပ်ကွက်/ကျေးရွာအုပ်စုများ၌ မြန်မာအီလက်ထနောနစ် မဲပေးစက်ဖြင့် စမ်းသပ်ပေးခြင်းကို လက်တွေ့သရုပ်ပြ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)