မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ ကျုံမငေးမြို့ရှိ ပြည်သူများအား ကွင်းဆင်းကုသပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ ကျုံမငေးမြို့ရှိ ပြည်သူများအား ကွင်းဆင်းကုသပေး



ဝါးခယ်မ  ၊ နိုဝင်ဘာ ၇


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ယနေ့နံနက် ၉ နာရီက ဝါးခယ်မမြို့နယ် ကျုံမငေးမြို့သို့ ကွင်းဆင်းကာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာဇော်မင်းသိုက် ဦးဆောင်သည့်  မျက်စိအထူးကု၊ သွားဘက်ဆိုင်ရာအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု၊ အရိုးအထူးကု၊ ခွဲစိတ်အထူးကု၊ ဓာတ်မှန်၊ အထွေထွေရောဂါနှင့် ကလေးအထူးကု၊ သွားဖွားမီးယပ်၊ အရေပြားအထူးကုဆရာဝန်ကြီးများက ကျုံမငေးမြို့နှင့် အနီးအနားရှိ ငှက်ကျကျေးရွာ၊ ပိုက်တန်းကျေးရွာ၊ ဘိုးဘေးအညာစုကျေးရွာ၊ ဘဲချောင်းကျေးရွာ၊ လက်ခုတ်ကျေးရွာ၊ မြို့ချောင်းကြီး ကျေးရွာအပါအဝင် ကျေးရွာများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသမှု လုပ်ငန်းများကို တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ပြီး ဝါးခယ်မမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လွှမ်းသီဟ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)