ဘိုကလေးမြို့နယ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းသား/သူများ ကြိုတင်ဆန္ဒမဲပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းသား/သူများ ကြိုတင်ဆန္ဒမဲပေး




ဘိုကလေး  ၊ နိုဝင်ဘာ ၁၉

၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ ပညာသင်ကြားကြမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ကျောင်းသား/သူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိသည်။

ကြိုတင်ဆန္ဒမဲအား နိုဝင်ဘာ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့ထိ သက်ဆိုင်ရာက ခွင့်ပြုသတ်မှတ်ထားရှိပြီး ဘိုကလေးမြို့နယ်အနေဖြင့် နိုဝင်ဘာ (၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့ထိ (၂)ရက်တာ ကြိုတင်ဆန္ဒမဲပေးသူ တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းသား/သူ စုစုပေါင်း(၃၂)ဦးထိ ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မိုးစက်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)