ငါန်းဇွန် မြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန် မြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်





ငါန်းဇွန်   ၊ နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်‌နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်စိုးမင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ‌ ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာလင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များ၊ ဥပဒေ၊ နည်းပဒေအ‌ကြောင်းအရာများ၊ မဲပေးစက်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများ ရှင်းလင်း‌ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ အဖွဲ့ဝင်များနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး စုစုပေါင်း သင်တန်းသား (၂၅) ဦး တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်း၌ ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်ကြမည့် မဲရုံဝန်ထမ်းများ အခက်အခဲမရှိ ဆောင်ရွက်နိုင်စေရေးအတွက် စာတွေ့လက်တွေ့သင်ကြားခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး သင်တန်းကာလမှာ (၁၈.၁၁.၂၀၂၅) ရက်နေ့မှ (၁၉.၁၁.၂၀၂၅) ရက်နေ့အထိ (၂)ရက်ကြာသင်ကြား ပို့ချမည်ဖြစ်ကြောင်း သိရသည်။


သက်နောင်ဦး(ငါန်းဇွန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)