နိုဝင်ဘာ ၁၇ ( တနင်္လာနေ့ )
ဂျာမန်လေလံပွဲတစ်ခုမှာ ဒုတိယကမ္ဘာစစ်ခေတ် ချွေးတပ်စခန်းများမှ စာရွက်စာတမ်းများနှင့် ပစ္စည်းများကို လေလံလုပ်ပြီး ရောင်းချခြင်းအား ဖျက်သိမ်းရန် နိုင်ငံတကာက ဒေါသနဲ့ ဖိအားပေးခဲ့ပါတယ်။
ဖဲလ်ဇမန်း လေလံရိပ်သာက “အကြမ်းဖက်မှု စနစ် အပိုင်း ၂” ဆိုတဲ့ ခေါင်းစဉ်ဖြင့် လေလံတင်ရောင်းချမှုကို ဒီကနေ့မှာ ၁၉၃၃ ကနေ ၁၉၄၅ အတွင်း ချွေးတပ်စခန်းမှာ အဖမ်းခံရပြီး အသတ်ခံရတဲ့ လူတွေရဲ့ ကျန်ရစ်တဲ့ပစ္စည်း ၆၂၃ ခုကို လေလံပစ်ဖို့စီစဉ်ထားပါတယ်။
ဒေသတွင်းမီဒီယာတွေအဆိုအရ လေလံပစ်တဲ့ စာရင်းထဲမှာ အကျဉ်းသားများထံမှ ပို့စကတ်တွေနဲ့ စာတွေ ပါပါတယ်။ ဒါချူ ချွေးတပ်စခန်းတွင် အတင်းအကြပ် ပိုးသတ်ခြင်းဆိုင်ရာ ၁၉၃၇ ဆေးအစီရင်ခံစာ နဲ့ ၁၉၄၂ ခုနှစ် ဇူလိုင်လတွင် မက်ကီအင်ဂတ်တို စခန်းမှာ ဂျူးလူမျိုးတစ်ဦးကို ကွပ်မျက်ခြင်းဆိုင်ရာ ဂက်စတာပိုဖိုင်တစ်ခု ပါဝင်သလို ချွေးတပ်စခန်းတွေရဲ့ လူစာရင်း ဖိုင်တွေ လည်းပါပါတယ်။
အဲ့ဒိကိစ္စအတွက် ပြည်တွင်းပြည်ပမှ ပြစ်တင်ရှုတ်ချခြင်းခံခဲ့ရပါတယ်။ နိုင်ငံတကာ အော့ဆွစ်ဇ် ချွေးတပ်စခန်း ကော်မတီ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ခရစ်တိုဟူဘနာ က ၎င်းကို “အရှက်မဲ့ပြီး အရှက်မရှိ” ဟူ၍ ခေါ်ဆိုခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများကို “အထိမ်းအမှတ်နေရာများတွင် ပြတိုက်များ သို့မဟုတ် ပြပွဲများတွင် ပြသသင့်ပြီး အရောင်းအဝယ်ဆိုင်ရာ အရာဝတ္ထုများအဖြစ် ပျက်ပြားမသွားစေသင့်ဘူး လို့ ဆိုပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှု ကို လေ့လာတဲ့ ဂျာမန်သုတေသနဌာနတစ်ခုဖြစ်သည့် ဖရစ်ဇ်ဗျူအာ အင်စတီကျူ့ က အဲ့ဒိ စာရွက်စာတမ်းများထုတ်ရောင်းချတာက "ချွေးတပ်စခန်းမှာ အသတ်ခံလိုက်ရတဲ့ သားကောင်များ၏ ကိုယ်ပိုင်အခွင့်အရေးများနှင့် ၎င်းတို့ရဲ့သားစဉ်မြေးဆက်များရဲ့ တရားဝင်အကျိုးစီးပွားကို လျစ်လျူရှုခြင်းဖြစ်တယ်" လို့ ထင်မြင်ကြောင်းလည်း ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment