Pages

Pages

မှော်ဘီမြို့နယ်တွင်၂၀၂၅-၂၀၂၆ခုနှစ်ဆီထွက်သီးနှံ(နေကြာ)စီမံကိန်းလျာထားချက်ပြည့်မီစွာစိုက်ပျိုးနိုင်ရေးတောင်သူများနှင့်တွေ့ဆုံ




မှော်ဘီ ၊ နိုဝင်ဘာ ၈


  ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ်ဆီထွက်သီးနှံ(နေကြာ)စီမံကိန်းလျာထားချက်ပြည့်မီစွာစိုက်ပျိုးနိုင်ရေးကို ယနေ့နံနက်ပိုင်းကစိုက်ပျိုးရေးဦးစီးဌာန၊စီမံကိန်းဦးစီးဌာန၊ကျေးလက်လမ်းဦးစီးဌာနနှင့်မြေစာရင်း၊မြို့နယ်သ/မနှင့်ငါးလုပ်ငန်းဦးစီးဌာမှတာဝန်ရှိသူများကွင်းဆင်း၍တောင်သူများနှင့်တွေ့စုံခဲ့သည်။


  တောင်သူများနှင့်တွေ့စုံရာတွင်စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးမြတ်ကျော်ကဆီထွက်သီးနှံ(နေကြာ)အားမှော်ဘီမြို့နယ်တွင်၂၀၂၅-၂၀၂၆ခုနှစ်စီမံကိန်းလျာထားချက်ပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့်စိုက်ပျိုးရာတွင်လည်းမိမိတို့လိုအပ်ချက်များအားလည်းပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီးမြို့နယ်စီမံကိန်းဦးစီးအရာရှိဒေါ်ငုဝါကျော်မှတောင်သူများအနေနှင့်သန့်စင်သောနေကြာမျိုးများအားစိုက်ပျိုးပြည့်မီအောင်စိုက်ပျိုးခြင်းဖြင့်အထွက်ကောင်း၍စံချိန်၊စံညွှန်းများပြည့်မီစွာရရှိမည်ဖြစ်ကြောင်း လိုအပ်ချက်ရှိလျှင်လည်းမိမိတို့ဘက်မှပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။


   အဆိုပါတွေစုံပွဲသို့စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးမြတ်ကျော်၊ကျေးလက်လမ်းမြို့နယ်ဦးစီးမှူးဦးဝဏ္ဏစိုး၊စီမံကိန်းဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ငုဝါကျော်၊မြေစာရင်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးထွန်းထွန်းဝင်း၊ငါးလုပ်ငန်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဒေါ်ဝင်းပပသိန်း၊မြို့နယ်သ/မဦးစီးမှူးဒေါ်နွေးနွေးအောင်တို့ကမှော်ဘီရေပေါ်သဲ့ကျေးရွာအုပ်စု၊မင်းရွာကျေးရွာအုပ်စု၊ရိုးကြီးကျေးရွာအုပ်စု၊သဲကုန်းကျေးရွာအုပ်စု၊လိပ္ပုတ်ကျေးရွာအုပ်စု၊သာယာကုန်းကျေးရွာအုပ်စုတို့တွင်တောင်သူများနှင့်တွေ့စုံ၍ဆီထွက်သီးနှံ(နေကြာ)အားစီမံကိန်းလျာထားချက်ပြည့်မီစွာစိုက်ပျိုးနိုင်ရေးတို့အားကွင်းဆင်း၍တောင်သူများနှင့်ဆွေးနွေးခဲ့ကြောင်းသိရသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment