Pages

Pages

ဒေသခံတောင်သူတွေကို ထောက်ပံ့ဖို့ ဆန်တင်သွင်းခွင့် ဆက်ပိတ်ထား




နိုဝင်ဘာ - ၁၇ ( တနင်္လာနေ့ ) 

ဖိလစ်ပိုင်အစိုးရက ဆန်တင်သွင်မှုနဲ့ ပတ်သက်ပြီး ၂၀၂၅ နှစ်ကုန်အထိ ဆက်ပိတ်ထားလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာ အရှုံးပေါ်နေတဲ့ လယ်သမားတွေကို အကာအကွယ်ပေးဖို့ရယ်၊ ရောင်းလိုအားများလွန်လို့ ဈေးနှုန်းတွေ မဟားဒယားကျနေတာကို ထိန်းချုပ်ဖို့ရယ်နဲ့ ပြည်တွင်းစပါးဈေးနှုန်း မြှင့်တင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ 

စိုက်ပျိုးရေးဌာန၏ ထုတ်ပြန်ချက်အရ အောက်လွှတ်တော်ရဲ့ စိုက်ပျိုးရေးဆိုင်ရာအတွင်းရေးမှူး က စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဆိုင်ရာ ဆွေးနွေးဆုံဖြတ်ချက်ကို အောက်တိုဘာ ၈ ရက်က ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဆန်တင်သွင်းခွန် တိုးမြှင့်ရေး အဆိုပြုချက်ကို ကွန်ဂရက်လွှတ်တော်က မကြာမီ အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ၎င်းက ဆိုပါတယ်။ ထိုသို့မအောင်မြင်ပါက သမ္မတ ဂျူနီယာမားကိုစ် ထောက်ခံထားတဲ့ နောက်ပြန်ဆုတ်မယ့် အစီအစဉ်ကို ၂၀၂၆ ဇန်နဝါရီလတွင်သာ တင်သွင်းခွင့်ပြုမယ်လို့ သိရပါတယ်။ လာမည့် စပါးရိတ်သိမ်းချိန်အမီ ၂၀၂၆ ဖေဖော်ဝါရီမှ ဧပြီလအထိ ဆန်တင်သွင်းမှုတွေကို ပိတ်ထားဦးမှာပါ။ 

အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ပြည်တွင်းစပါး အရည်အသွေးနိမ့်ကျမှု ဖြစ်ခဲ့သလို ပြည်ပတင်သွင်းမှုတွေ ကလည်း ပိုလျှံနေတာကြောင့် ဆန်းဈေးထိုးကျသွားတာလို့ အတွင်းရေမှူး က မှတ်ချက်ချခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလကုန်အထိ ဖိလစ်ပိုင်နိုင်ငံရဲ့ ဆန်တင်သွင်းမှုက မျှော်မှန်းထားတဲ့ ဆန်တန်ချိန် ၂.၇ သန်း ထက်ကျော်လွန်ပြီး ၃.၅ သန်း တင်သွင်းခဲ့ပါတယ်။ 

ပြည်တွင်ထွက် ဆန်တန်ချိန်က ၈ သိန်းဝန်းကျင်ရှိပြီး နိုင်ငံ၏ နှစ်စဉ် ဆန်တင်သွင်းမှု လိုအပ်ချက်မှာ တန်ချိန် ၃ .၆ သန်းသာ ရှိကာ တစ်လလျှင် တန်ချိန် ၃သိန်း ရှိပါတယ်။ ဖိလစ်ပိုင်သည် ပြီးခဲ့သည့်နှစ်က ဆန်တန်ချိန် ၄.၇ သန်း တင်သွင်းခဲ့ပြီး ကမ္ဘာ့ဆန်အများဆုံး တင်သွင်းတဲ့ နိုင်ငံအဖြစ် ရပ်တည်ခဲ့ပါတယ်။ 


REF: PNA

https://t.me/MyanmarNationalPost

No comments:

Post a Comment