Pages

Pages

ပုဇွန်တောင်မြို့နယ်၌ မြို့နယ်အဆင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန် သင်တန်းနှင့် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ ကျင်းပ




ပုဇွန်တောင်၊ နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ  ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြုလုပ်မည့် မဲရုံ (၂၁)ရုံအတွက် မြို့နယ်အဆင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်သင်တန်းနှင့် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က  မြို့နယ်ပညာရေးမှူးရုံး တေဇခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုး အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်သန်းနှင့်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူ တက်ရောက်ခဲ့ကြသည်။  ရှေးဦးစွာ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ချောမွေ့မှန်ကန်စေရန်၊ မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏တာဝန်ဝတ္တရားများကို ရှင်းလင်းပြတ်သား စွာနားလည်ပြီး စနစ်တကျထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းသူ/သင်တန်းသားများမှ လိုအပ်သည် များ တင်ပြဆွေးနွေးခဲ့ရာ တာဝန်ရှိသူများမှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသင်တန်းကို နိုဝင်ဘာ (၁၇) ရက်နေ့မှ (၁၈) ရက် နံနက် (၉) မှ ညနေ (၄) နာရီအထိဖြစ်ပြီး မဲရုံမှူး(၂၁)ဦး၊ ဒုတိယမဲရုံမှူး(၂၁)ဦးတို့အား နည်းပြ(၄)ဦးတို့မှ မဲရုံတစ်ရုံတွင် တစ်နေ့တာ ဆောင်ရွက် ရမည့် လုပ်ငန်းတာဝန်များကို သင်တန်းပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment