Pages

Pages

ခြေစမ်းပွဲတွင် မြန်မာ ယူ(၁၇)အမျိုးသားအသင်း က တရုတ် ယူ(၁၇) အသင်းကို ၂ဂိုးပြတ် အနိုင်ရ


ရန်ကုန်၊ နိုဝင်ဘာ ၁၅

အာရှ ယူ၁၇ ခြေစစ်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရေးအတွက် တရုတ်နိုင်ငံတွင် သွားရောက်လေ့ကျင့်မှု ပြုလုပ်လျက်ရှိသည့် မြန်မာ ယူ၁၇ အသင်းသည် ယနေ့တွင် တရုတ် လက်ရွေးစင် ယူ ၁၇ အသင်းနှင့် ခြေစမ်း ကစားခဲ့ရာ (ဝ-၂)ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ 

အနိုင်ဂိုးများကို ကောင်းခန့်(၇၁ မိနစ်)တွင်လည်းကောင်း၊ ညီညီသန့်(၇၇ မိနစ်)တွင်လည်းကောင်း သွင်းယူခဲ့ကြသည်။

အာရှ ဖလား ယူ၁၇ ခြေစစ်ပွဲ အုပ်စု (G) ပွဲစဉ်များအား သုဝဏ္ဏကွင်းတွင် နိုဝင်ဘာ ၂၂ မှ ၃၀ အထိ ကျင်းပမည် ဖြစ်ပြီး အိမ်ရှင် မြန်မာနှင့်အတူ အိုမန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ နီပေါ အသင်းများ ယှဉ်ပြိုင်ရမည် ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment