Pages

Pages

တရုတ်တံတား လပိုင်းအတွင်းမှာ ပြိုကျ


နိုဝင်ဘာ - ၁၂ ( ဗုဒ္ဓဟူးနေ့ ) 

တရုတ်နိုင်ငံတွင် ၈၂၉ ကိုက်ရှည်လျားတဲ့ တံတားတစ်စင်းက တည်ဆောက်ပြီးစီးပြီး လအနည်းငယ် အကြာမှာ  ပြိုကျခဲ့တယ်လို့ မနေ့ကရတဲ့ သတင်းမှာ ပါပါတယ်။  ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း နဲ့ တံတားမှာ အက်ကွဲကြောင်းတွေထလာတာကိုမြင်လိုက်ပြီးနောက် အာဏာပိုင်တွေက တံတားကို စောစောကတည်းက ပိတ်ထားနိုင်ခဲ့ကြောင်း ဆိုပါတယ်။

ဆိုရှယ်မီဒီယာတွေမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်မှာတော့ တံတားနဲ့ ကပ်လျက်ရှိတဲ့ တောင်တန်းတစ်ခုမှာ မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် တံတားတစ်ပိုင်းပြိုကျသွားတာကို တွေ့ရပါတယ်။ ဒေသခံတာဝန်ရှိသူများက ပြောကြားမှုအရ မြေပြိုမှုကြောင့် ချဉ်းကပ်တံတားနှင့် လမ်းကြမ်းပြင်များ ပြိုကျခဲ့တယ်လို့ သိရပါတယ်။ 

ပြိုကျခဲ့တဲ့ တံတားက စီချွမ်ပြည်နယ် နဲ့  တိဗက် ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်း ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တံတား တည်ဆောက်မှု ချို့ယွင်းချက် တစ်စုံတစ်ရာ ရှိကြောင်း အထောက်အထား မသိရှိရကြောင်း ၊  စီချွမ် လို တရုတ်နိုင်ငံ၏ အနောက်ဘက် ပြည်နယ်များတွင် သယ်ယူပို့ဆောင်ရေး စီမံကိန်းများက မတည်ငြိမ်တဲ့ မြေမျက်နှာအသွင်အပြင်တွေကို ဖြတ်ကျော်ရလေ့ရှိတာကြောင့် စံချိန်စံညွှန်း နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုများ တိုးပွားစေတယ်လို့ သိရပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment