မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး ဆာဖိုးသာ စပါးမျိုး တစ်ဧကတင်း(၁၅၀)အထက်နှင့် အောင်နိုင်တိုးစပါးမျိုး တစ်ဧကတင်း (၁၃၀) အထက် ထွက်ရှိသော တောင်သူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး ဆာဖိုးသာ စပါးမျိုး တစ်ဧကတင်း(၁၅၀)အထက်နှင့် အောင်နိုင်တိုးစပါးမျိုး တစ်ဧကတင်း (၁၃၀) အထက် ထွက်ရှိသော တောင်သူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်



မကွေး ၊   နိုဝင်ဘာ  ၁၇


မကွေးတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး ဆာဖိုးသာစပါးမျိုး တစ်ဧက တင်း(၁၅၀) အထက်နှင့် အောင်နိုင်တိုးစပါးမျိုး တစ်ဧကတင်း(၁၃၀)အထက် ထွက်ရှိသော တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက် ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်၍ ဆာဖိုးသာစပါးမျိုးနှင့် အောင်နိုင်တိုးစပါးမျိုး စိုက်ပျိုး ထုတ်လုပ်သော တောင်သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးဟာ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စက်မှုကုန်ကြမ်းသီးနှံ ဝါအပါအဝင် သီးနှံစုံစိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးနှံစိုက်စွမ်းအား တိုးမြှင့်ရေးအတွက် သီးထပ်သီးညှပ်တိုးချဲ့ စိုက်ပျိုးရေးဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ်မှာ သီးနှံစုံစိုက်ဧက သိန်း(၆၀)ကျော် စိုက်ပျိုးခဲ့ရာမှ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ စိုက်ဧက (၆၅)သိန်းကျော် စိုက်ပျိုးနိုင်ရေးနဲ့ သီးနှံစိုက်ဧကတိုးသကဲ့သို့ သီးနှံအထွက်နှုန်းတိုးတက်ရေးလည်း ရည်မှန်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးရဲ့ စားရေရိက္ခာဖူလုံ ပိုလျှံ ရေးအတွက် ဆောင်ရွက်လျက်ရှိရာမှာ ၂၀၂၄-၂၀၂၅ ခုနှစ် မှာ ဆန်ဖူလုံမှု (၈၁.၉၉)ရာခိုင်နှုန်း၊ ဆီဖူလုံမှု (၄၁၆.၄၈) ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်မှာ ဆန်ဖူလုံမှု (၈၇,၂၆)ရာခိုင်နှုန်း၊ ဆီဖူလုံမှု (၅၀၂.၇၆) ရာခိုင်နှုန်းရရှိရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေနဲ့ ဆန်ဖူလုံမှုဟာ (၈၀) ရာခိုင်နှုန်းကျော်ပဲရှိပြီး ဝမ်းစာဖူလုံရေးအတွက် နောက်ထပ် ဆန်ဖူလုံမှု(၂၀)ရာခိုင်နှုန်း တိုးတက်ရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလေးပေးဆောင်ရွက် လျက်ရှိပြီး တိုင်းဒေသကြီးရဲ့ စပါးစိုက်ပျိုးထုတ်လုပ်မှု အနေနဲ့ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ မိုးစပါးစိုက်ဧက (၆)သိန်းကျော်၊ နွေစပါးစိုက်ဧက(၃)သောင်း ကျော်စိုက်ပျိုးပြီး ၂၀၂၅-၂၀၂၆ ခုနှစ်မှာ မိုးစပါးစိုက်ဧက (၆)သိန်းကျော်နဲ့ နွေစပါးစိုက်ဧက(၆)သောင်း စိုက်ပျိုးဖို့ လျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်ဖူလုံမှု တိုးတက်ရေးအတွက် စိုက်ဧရိယာတိုးချဲ့ရေးနဲ့ တစ်ဧက အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အရည်အသွေး ပြည့်ဝတဲ့သွင်းအားစုများ ရရှိသုံးစွဲနိုင်စေဖို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ ဆောင်ရွက်ပေး လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါး (၁၇၁၃၅)ဧက၊ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး (၂၈၄၅)ဧက၊ နွေစပါး (၁၁၀၃၉)ဧက၊ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ မိုးစပါး ဧက (၆၀၀၀)နဲ့ နွေစပါး (၃၁၀၀)ဧကတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အထွက်ကောင်းမျိုး ပြောင်းလဲစိုက်ပျိုးရေး ဆောင်ရွက်ရာမှာ အထွက်ကောင်း စပါးမျိုးတွေဖြစ်တဲ့ ဆာဖိုးသာနဲ့ အောင်နိုင်တိုးမျိုးကို ပြောင်းလဲစိုက်ပျိုးရေးဆောင်ရွက်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးမှာ ဆာဖိုးသာ စိုက်ဧက (၈၂၀၂)ဧက ကနေ တစ်ဧကအထွက်နှုန်း (၁၁၇.၀၈) တင်းနှုန်း၊ အောင်နိုင်တိုး စိုက်ဧက (၅၄၈၈)ဧက ကနေ တစ်ဧက အထွက်နှုန်း (၁၁၈.၅၆)တင်းနှုန်း ထွက်ရှိခဲ့ပြီး အမြင့်ဆုံးအထွက်နှုန်း (၁၆၂) တင်း ကျော်ထွက်ရှိတာကို တွေ့ရကြောင်း၊  ဒါကြောင့် တိုင်းဒေသကြီးရဲ့ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးပြောင်း လဲစိုက်ပျိုးပြီး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ တောင်သူများ၊ ခရိုင်နဲ့ မြို့နယ်များကို ဂုဏ်ပြုနိုင်ဖို့ ယခုလို အခမ်းအနားပြုလုပ်ပြီး ဂုဏ်ပြုမှတ်တမ်း တင်ရခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း စပါးသီးနှံ စိုက်ပျိုးရာမှာ သက်တမ်းအနေနဲ့ သက်လျင်မျိုး၊ သက်လတ်မျိုးနဲ့ သက်ကြီးမျိုးများ (၁၁)မျိုး စိုက်ပျိုး တာကိုတွေ့ရပြီး လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံစိုက်စွမ်းအား တိုးတက်ရေးအတွက် သီးထပ်တိုးချဲ့ စိုက်ပျိုးရာမှာ သက်တမ်းတိုမျိုးများကို ရွေးချယ်စိုက်ပျိုးဖို့ လိုအပ်သလို အထွက်တိုးတက်ပြီး ဝမ်းစာဖူလုံရေးအတွက် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုး ရမှာဖြစ်တဲ့အတွက် ဆာဖိုးသာ စပါးနဲ့ အောင်နိုင်တိုး မျိုးကဲ့သို့ အသက်ရင်ပြီး အထွက်ကောင်းတဲ့ စပါးမျိုးများကို ပြောင်းလဲစိုက်ပျိုးရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးရဲ့ စားရေရိက္ခာဖူလုံရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ရေမြေ သဘာဝအခြေခံနဲ့ အခွင့်အလမ်းများ၊ အခြေအနေ ကောင်းများသည် မိမိတို့တိုင်းဒေသကြီးမှာ ရှိနေတဲ့အတွက် ယနေ့ တက်ရောက်လာ သူများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူတို့က ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး ဆာဖိုးသာစပါးမျိုး တစ်ဧက တင်း(၁၅၀)အထက်နှင့် အောင်နိုင်တိုးစပါးမျိုး တစ်ဧကတင်း(၁၃၀)အထက် ထွက်ရှိသော တောင်သူ များအား ဂုဏ်ပြုဆုများနှင့် ယူရီးယား ဓါတ်မြေသြဇာများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးအတွင်း စပါးသီးနှံ ပန်းတိုင်အထွက်နှုန်း စိုက်ဧရိယာအားလုံး ရရှိရေး၊ ဆာဖိုးသာနဲ့ အောင်နိုင်တိုးမျိုးများ ပြောင်းလဲသုံးစွဲလာရေးနှင့် ပိုမိုကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာစေရေး အသိပညာပေး  ခင်းကျင်းပြသထားသော ပြခန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)