လဲချားမြို့နယ်၏ မဲဆန္ဒရှင်စာရင်းများ(ဒုတိယ)အကြိမ် ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဲချားမြို့နယ်၏ မဲဆန္ဒရှင်စာရင်းများ(ဒုတိယ)အကြိမ် ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက်


လဲချား  ၊ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊‌ လဲချားမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (ပထမ)အကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်း ထပ်မံကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းများ မှန်ကန်စေရေးအတွက် စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပူး‌ပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် လဲချားမြို့နယ်အတွင်းရှိ နိင်ငံရေးပါတီ(၃)ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီများမှ ကိုယ်စားလှယ်(၄)ဦးဆီအား ဖိတ်ကြားပြီး ၈-၁၁-၂၀၂၅ ရက်နေ့မှ စတင်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုပေါင်းပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းမကပ်မီ မဲစာရင်းမှန်ကန်စေရး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)