ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ




စစ်တွေ  ၊ နိုဝင်ဘာ ၁၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့၌ ပထမနှစ်သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများမှ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုခံယူခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်မှုနှင့်ပတ်သက်၍ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးသည်များစွာအရေးကြီးကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပညာကိုကြိုးစားသင်ယူကြခြင်း၊ ပညာတတ်ခြင်းသည် မိဘ၊ ဆရာသမားများအား ကျေးဇူးဆပ်ခြင်းဖြစ်ကြောင်း၊ မိမိဘဝတိုးတက်အောင်ဆောင်ရွက်ရာတွင် မိမိတို့ကိုယ်တိုင်ကြိုးစားမှအောင်မြင်မှုများရရှိမည်ဖြစ်ကြောင်း၊ ပညာရေးသည်ဒေသဖွံ့ဖြိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်များစွာအရေးပါသည့်အတွက် ကြိုးစားသင်ယူကြစေလိုကြောင်း၊ မိမိတို့ပြည်နယ်ဂုဏ်တက်စေရန် ထူးချွန်ထက်မြက်သောသူများဖြစ်အောင် ပညာကိုကြိုးစားသင်ယူကြစေလိုကြောင်း၊ သို့မှသာ နောင်တစ်ချိန်တွင် ပြည်နယ်အတွက်၊ နိုင်ငံအတွက်အားကိုးအားထားပြုရသော ထူးချွန်ထက်မြက်သည့် လူတော်၊ လူကောင်းများဖြစ်လာမည်ဖြစ်ကြောင်းနှင့် သင်တန်းများတွင် သင်ကြားပို့ချမှုများကို စိတ်ဝင်တစားဖြင့်သင်ယူကြပြီး မိမိတို့၏ဘဝတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)