အာဖရိကတိုက်က ၂၅ နှစ်အတွင်း အဆိုးရွားဆုံး ကာလဝမ်းရောဂါ ဖြစ်ပွားမှုနဲ့ ရင်ဆိုင်နေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဖရိကတိုက်က ၂၅ နှစ်အတွင်း အဆိုးရွားဆုံး ကာလဝမ်းရောဂါ ဖြစ်ပွားမှုနဲ့ ရင်ဆိုင်နေရ


နိုဝင်ဘာ ၁၇ ( တနင်္လာနေ့ )

အာဖရိကတိုက်သည် ရာစုနှစ်တစ်ခုရဲ့ လေးပုံတစ်ပုံအတွင်း အပြင်းထန်ဆုံး ကာလဝမ်းရောဂါဖြစ်ပွားမှု နဲ့ ရင်ဆိုင်နေရကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) မှ သတိပေးပြောကြားခဲ့ပြီး ရောဂါကူးစက်မှုနှင့် သေဆုံးမှုအရေအတွက်မှာ ဆက်လက်တိုးမြင့်လာနေတယ်လို့လည်း ဆိုပါတယ်။ 

ကြာသပတေးနေ့တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် Africa CDC ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ဂျင်ကာဆီယာ က ၂၀၂၅ခုနှစ် မှတ်တမ်းအရ ခန့်မှန်းခြေအားဖြင့် အတည်ပြုပြီးလူနာ ၃သိန်း က ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ပြီး ၇ ထောင်ကျော် သေဆုံးခဲ့ပါတယ်။ 

အဲ့လိုဖြစ်ရတာက ဒေသတွင်း ပဋိပက္ခ၊ လူဦးရေပေါက်ပွားမှု အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ လူဦးရေထူထပ်တဲ့ အခြေချနေထိုင်မှု၊ ရေသန့်မရရှိမှု နဲ့ မိလ္လာစွန်ပစ်နိုင်မှုက အကန့်အသတ်နဲ့ပဲ ရှိနေတာကြောင့် လို့ သူမကဆိုပါတယ်။  “ကာလဝမ်းရောဂါက အဓိကပြဿနာဖြစ်ဆဲပါ” လို့လည်း ဆိုပါတယ်။ ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု အရင်းအမြစ်များ ပြတ်တောက်မှုနှင့် မလုံခြုံမှုတို့ကြောင့် အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။ 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် တီးဒရိုစ် က “လက်ရှိအနေအထားက အာဖရိကမှာဖြစ်နေတဲ့ ကာလဝမ်းရောဂါက ကမ္ဘာတစ်ဝှမ်းမှာဖြစ်နေတာရဲ့ သုံးပုံနှစ်ပုံလောက်ရှိနေပါတယ်။ ကာလဝမ်းရောဂါကြောင့် သေဆုံးမှုအားလုံးရဲ့ ၉၉ ရာခိုင်နှုန်းကို ဖော်ပြထားပါတယ်” လို့မှတ်ချက်ပြုခဲ့ပါတယ်။ 

အာဖရိက CDC ရဲ့ ၂၀၂၅ အချက်အလက်များအရ အဖြစ်များဆုံးနိုင်ငံများမှာ ဆူဒန် နဲ့  တောင်ဆူဒန်နိုင်ငံတို့ဖြစ်ပြီး တစ်နိုင်ငံကို ရောဂါဖြစ်သူ ၇၀,၀၀၀ ကျော်ရှိနေပါတယ်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ က ကူးစက်ခံရတဲ့သူ ၆ သောင်းကျော်ရှိပြီး ၂ ထောင်နီးပါးလောက် သေဆုံးခဲ့ပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)