Pages

Pages

မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း


နေပြည်တော်၊ နိုဝင်ဘာ ၂၀

မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ စာရေးဆရာအသင်းက ငွေကျပ်သိန်း ၁၅၀၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၂၀၀ စုစုပေါင်း ငွေကျပ်သိန်း ၃၅၀ ကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသို့ ယမန်နေ့က လာရောက်လှူဒါန်းသည်။

အဆိုပါလှူဒါန်းငွေများကို ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment