ဂျကာတာမြို့၊ နိုဝင်ဘာလ ၁၅
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် ဒဿမအကြိမ်မြောက် အာဆီယံ-ဆွစ်ဇာလန် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေး၊ တတိယအကြိမ်မြောက် အာဆီယံ-ယူအေအီး ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေး၊ ဒုတိယ အကြိမ်မြောက် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီနှင့် ဂျကာတာအခြေစိုက် အာရပ်ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ သံအမတ်ကြီးများ အစည်းအဝေးနှင့် တတိယအကြိမ်မြောက် အာဆီယံဆိုင်ရာ အရှေ့အာရှထိပ်သီးအစည်းအဝေးအဖွဲ့ဝင်နိုင်ငံများ မှ သံအမတ်ကြီးများ အစည်းအဝေးသို့ အသီးသီး ပါဝင်တက်ရောက်ခဲ့သည်။
၁၀-၁၁-၂၀၂၅ ရက်တွင် ကျင်းပသည့် ဒဿမအကြိမ်မြောက် အာဆီယံ-ဆွစ်ဇာလန် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးတွင် အာဆီယံ-ဆွစ်ဇာလန် လက်တွေ့ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် (၂၀၂၂-၂၀၂၆) အကောင်အထည်ဖော်မှုအခြေ အနေ၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး၊ စွမ်းအင်၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှု၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ဒစ်ဂျစ်တယ်ပေါင်းစည်း ရေးနှင့် e-commerce၊ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး၊ ပေါင်းစည်းဆက်သွယ်ရေးတို့နှင့်စပ်လျဉ်း ၍ ဆွေးနွေးခဲ့ကြသည်။
၁၂-၁၁-၂၀၂၅ ရက်တွင် ကျင်းပသည့် တတိယအကြိမ်မြောက် အာဆီယံ-ယူအေအီး ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅)နှင့် မဟာစီမံကိန်းများ၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင် (AOIP) ၊ အာဆီယံပေါင်းစည်းဆက်သွယ်ရေး မဟာစီမံကိန်း (ACSP) နှင့် အာဆီယံပေါင်းစည်းရေးလုပ်ငန်းအစီအစဉ် (IAI)၊ အာဆီယံ၏ သက်ဆိုင်ရာနယ်ပယ်အလိုက် ထူထောင်ထားရှိသည့်စင်တာများ (ASEAN Centres of Excellence)နှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရန်အပြင် ကောင်းမွန်သောအုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း၊ ဒစ်ဂျစ်တယ်ပေါင်းစည်းရေးနှင့် e-commerce၊ ခေတ်မီမြို့ပြများ ဖွံ့ဖြိုးရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ၁၂-၁၁-၂၀၂၅ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များကော်မတီနှင့် ဂျကာတာအခြေစိုက် အာရပ်ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ သံအမတ်ကြီးများ အစည်းအဝေးတွင် ဒေသတွင်းစီးပွားရေး ပေါင်းစည်းရေးဆိုင်ရာ ဘုံမျှော်မှန်းချက်ကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အထူးသဖြင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတွင် ပိုမိုထိတွေ့ဆက်ဆံရေး၊ ဉာဏ်ရည်တုနည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစားအစာလုံခြုံရေး တို့တွင် ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အလားတူ ၁၃-၁၁-၂၀၂၅ ရက်တွင် ကျင်းပသည့် တတိယအကြိမ်မြောက် ဂျကာတာ မြို့အခြေစိုက် အာဆီယံဆိုင်ရာ အရှေ့အာရှထိပ်သီးအစည်းအဝေးအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ အစည်းအဝေးတွင် အရှေ့အာရှထိပ်သီးအစည်းအဝေးလုပ်ငန်းအစီအစဉ် (၂၀၂၄-၂၀၂၈) အကောင်အထည်ဖော်မှု အခြေအနေ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment