စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၃၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၃၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

 


စစ်ကိုင်း  ၊ နိုဝင်ဘာ ၁၀


စစ်ကိုင်းပညာရေးတက္ကသိုလ်၏ (၃၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိဘက်စုံသုံးခန်းမတွင် ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပါမောက္ခဌာနမှူများ၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ စာတမ်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားအား စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းနှင့် ဒုတိယပါမောက္ခချုပ်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ်  ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းက အဖွင့်အမှာစကားပြောကြာပြီး သုတေသနစာတမ်းဖတ်ပွဲအားကျင်းပခဲ့သည်။

ယခုကျင်းပပြုလုပ်သော သုတေသနစာတမ်းဖတ်ပွဲသို့ ပညာရေး၊ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ စာတမ်းရှင်(၁၃၇)ဦးတို့က ဖတ်ကြားကြမှာဖြစ်ပြီး သုတေသနစာတမ်းဖတ်ပွဲကို စစ်ကိုင်းပညာရေးတက္ကသိုလ်၌  ၃   ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။


နေလင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)