နေပြည်တော်၊ နိုဝင်ဘာ ၁၉
မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာချုပ် နောင်တော်လေးနှင့် လှည်းကူးမြို့နယ်မှ တောင်သူ ဦးသိန်းဦး၊ ဦးမျိုးမင်းထွန်း တို့ကို ဥတ္တရသီရိမြို့နယ် ရဲစခန်းတွင် ဦးစိုးမောင် က ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆-ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုထားရာ ယနေ့ (၁၉-၁၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တရားရုံးသို့ တင်ခဲ့သည်။
ဦးစိုးမောင်နှင့် တောင်သူများ မြေယာအငြင်းပွားမှုဖြစ်စဉ်တွင် မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာချုပ် နောင်တော်လေး မှ တောင်သူများနှင့် အင်တာဗျူးမေးမြန်း၍ ဖော်ပြခဲ့ခြင်းအပေါ် ဦးစိုးမောင် က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၏ ခွင့်ပြုချက် ရရှိပြီးနောက် တရားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ရုံးတင်ခဲ့ခြင်းဖြစ်သည်။
ယနေ့ ရုံးတင်ရာတွင် တရားသူကြီးက အာမခံလျှောက်ထားမှုကို လက်ခံပေးပြီး (၃-၁၂-၂၀၂၅) ရက်နေ့ကို ရုံးချိန်း ထပ်မံချိန်းဆိုလိုက်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment