Pages

Pages

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်မဲစာရင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်




မင်္ဂလာတောင်ညွန့်  ၊ နိုဝင်ဘာ ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၀)ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် နိုဝင်ဘာလနံနက် (၁၁:၃၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မဲစာရင်းများကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ထို့နောက် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်မဲစာရင်းစစ်ဆေးရေးအဖွဲ့ဖြင့် ရပ်ကွက်အလိုက် မဲဆန္ဒ‌ရှင်ပြည်သူများ၏မဲစာရင်းများကို စစ်ဆေးဆောင်ရွက်ခဲ့ကြပါ‌သည်။

အဆိုပါမဲစာရင်းစစ်ဆေးရာတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းထွန်းက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။


မြတ်မြတ်အေး

https://t.me/MyanmarNationalPost

No comments:

Post a Comment