မြောက်ဥက္ကလာပမြို့နယ်၌ အသက် ၇၃ နှစ်အထက် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ အသက် ၇၃ နှစ်အထက် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲပြုလုပ်








မြောက်ဥက္ကလာပ၊ နို၀င်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌   စံပြ(ဂ)ရပ်ကွက် ၊ ဥက္ကာလမ်းမိသားစု၏ (၄၉)ကြိမ်မြောက် ရွှေရတုအကြိုအသက် ၇၃ နှစ်အထက် သက်ကြီး ဘိုးဘွားများအား  ပူဇော်ကန်တော့ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်  အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင်ပြုလုပ်သည်။

ဦးစွာ စံပြ(ဂ)ရပ်ကွက် ၊ ဥက္ကာလမ်းမိသားစု၏ (၄၉)ကြိမ်မြောက် ရွှေရတုအကြို အသက် ၇၃ နှစ်အထက် သက်ကြီး ဘိုးဘွားများအားပူ ဇော်ကန်တော့ပွဲကိုကျင်းပရာ  သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီများ၊ သက်ကြီး အဘိုး၊ အဘွားများ၊ အလှူရှင်များ၊ လူမှုရေး အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ် ဘုရားကန် တော့ပြီး သက်ကြီးပူဇော်ပွဲ ကျင်းပ ရေး ကော်မတီ ဥက္ကဋ္ဌ ဦး၀င်းကြည်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ 

ဆက်လက်၍ (၄၉)ကြိမ်မြောက် ရွှေရတုအကြို သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဦးက ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားပြီး  စာရင်းစစ် အဖွဲ့ခေါင်းဆောင် ဦးလှမျိုးက စာရင်းစစ် အစီအရင်ခံစာအား ဖတ်ကြားတင်ပြခဲ့သည်။ ထို့နောက် ဧည့်သည်တော် ဦးဌေးလွင်က အဘိုး၊ အဘွားများအား ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး (၄၉)ကြိမ်မြောက် ကျင်းပရေးဦးစီးကော်မတီက လှူဒါန်းသော အလှူငွေများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသော  ငွေပဒေသာပင်များအား  မဲဖောက်လှူဒါန်းရာ ကော်မတီ၀င် အသီးသီးမှ  ပေးအပ် လှူဒါန်းခဲ့ကြသည်။ 

ယင်း‌နောက် (၄၉)ကြိမ်မြောက် ရွှေရတုအကြို သက်ကြီးပူဇော်ပွဲတွင်  ဥက္ကာ ၅ လမ်း‌နေ အသက်အကြီးဆုံး အဘွား ဒေါ်ကြည်လေး အသက် ၁၁၀ နှစ်အား  အလှူရှင် ဦး၀င်းထိုက် နှင့် ဒေါ်နွယ်နီ၀င်း မိသားစုမှ သီးသန့် လှူဒါန်းငွေ တစ်ဆယ်တစ်သိန်းကျပ်အား အလှူရှင်များက ထပ်မံ လှူဒါန်းပေးအပ်ခဲ့ကြပြီး  အခမ်းအနားတက်ရောက်လာသူ အဘိုး၊ အဘွားများအား အလှူရှင် ဦးမက်ကြူးအား ရည်စူး၍ ဒေါ်ခင်လှ မိသားစုမှ လှူဒါန်းသော ငွေကျပ် ခုနှစ်ထောင်တန်ဖိုးရှိ မျက်နှာသစ်ပုဝါများအားအမှတ်တရ ပေးအပ်ခဲ့သည်။

ထိုသို့ သက်ကြီး ဘိုးဘွားများအား  ပူဇော်ကန်တော့ရာတွင်   ဥက္ကာလမ်းမိသားစု၏ အသက် ၇၃ နှစ်အထက် သက်ကြီး ဘိုးဘွား တစ်ဦးလျှင် ကော်မတီမှ လှူဒါန်းငွေ ငါးသောင်းငါးထောင်ကျပ်၊ စုစုပေါင်း အဘိုး ၊အဘွား ၁၉၃ ဦးအတွက် လှူဒါန်းငွေ ၁၀၆၁၅၀၀၀ ကျပ် နှင့် ငွေပဒေသာပင်တန်ဖိုး ၅၅၇၀၀၀၀ ကျပ် စုစုပေါင်း တန်ဖိုး ၁၆၁၈၅၀၀၀ ကျပ်တိတိ ဖြစ်ကြောင်းသိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)